Part -7

2.2K 138 2
                                    

Unicode

မနက်မိုးမလင်းမှီကတည်းက စော်အော့ကသူတို့ကို နိုးနေပြီ‌ အကြောင်းက ဒီနေ့စော်အော့က မူကြိုကိုစပို့မယ့်နေ့ တစ်နည်းပြောရမယ်ဆိုရင် ပထမရက်ပေါ့။မနေ့ညကလည်း သူ့အခန်းမာမအိပ်ပဲ ဒယ်ဒီနဲ့ပါပါး မေ့နေမာစိုးလို့ဆိုပြီး သူတို့အခန်းမာလာအိပ်တာ။ မောင့်က အလုပ်ပင်ပန်းနေတာမို့ အိပ်ပါစေ‌ဆိုပြီးလည်း မရ။ ဒယ်ဒီရောပါပါးရော အတူထရမယ်ဆိုပြီး မထမချင်းထိုင်ငိုနေတာလေ။

နောက်ဆုံးတော့လည်း မောင့်ကိုပါရှောင်ကျန်းခေါ်နိုးနေရသည်။ ‌‌တက်ကြွနေတဲ့သားကို ကြည့်ပြီး ရှောင်ကျန်းရောရိပေါ်ပါ ကြည်နူးမှု့တွေမဆုံး။ တစ်စက်တည်းလည်းဝမ်းနည်းပြန်သည် ယောက်ျားလေးနှစ်ယောက် မွေးတဲ့ကလေးမို့ မားအကြောင့်မေးပြီး သားစိတ်ထိခိုက်သွားမာလည်း ကြောက်ရသည်။

တစ်နေ့မဟုတ်တစ်နေ့ကြုံတွေ့ရမာ သိပေမယ့် သားကအရမ်းငယ်သေးတယ်လို့ ရှောင်ကျန်းထင်တယ်။

သားကိုကြည့်ပြီး အတွေးလွန်နေတဲ့ကိုကိုက ဝမ်းနည်းစရာတွေ စဉ်းစားနေပြန်ပြီထင်တယ်။ မျက်နှာညိုးစွာနဲ့ ကိုကိုကြည့်ပြီး ရိပေါ်လည်းစိတ်မကောင်းဘူး ။

အဲ့ကိစ္စနဲ့ သားနားလည်နိူင်ပါစေလို့ပဲ ရိပေါ်မျော်လင့်ပါတယ်။ အခုနဲ့တင် ကိုကိုကပင်ပန်းနေပြီလေ အဲ့ကိစ္စနဲ့လည်း ကိုကို့ ကိုထပ်ပြီးစိတ်ညစ်စေရမာမျိုး ရိပေါ်လုံးဝအဖြစ်မခံနိူင်ဘူး။ အကယ်၍ ကြုံတွေ့လာခဲ့ရင်လည်း သူကိုယ်တိုင်ပဲ ဖြေရှင်းမာ။ ကိုကိုဆိုတဲ့လူသားလေးက အပျော်နဲ့ထိုက်တန်တဲ့သူပါ။

"ပါပါး သားနောက်ကျတော့မာပဲ..."

"ကိုကို သွားရအောင်လေ"

"အမ် အင်းအင်း ပြီးပြီလာ....ပါပါးတို့သွားရအောင်"

အတွေးလွန်နေတာနဲ့ သားကိုကျောင်းလိုက်ပို့ရမာတောင် မေ့နေတာ။ ‌ကားပေါ်ရောက်တော့ ရှောင်ကျန်းတို့က စကားစပြီလေ။

"သားစော်အော့ ကျောင်းမာလိမ်လိမ်မာမာနေရမယ်နော် အရမ်းလည်းမဆော့နဲ့ ရန်မဖြစ်ရဘူးကြားလား"

ရိပေါ်က ရှေ့မာကားမောင်းနေတာ ရှောင်ကျန်းကနောက်မာ သားနဲ့အတူထိုင်ပြီး သားကိုအမာစကားတွေ ပြောလိုက်သည်။

Our Family (Completed)Where stories live. Discover now