Part -9

2K 111 4
                                    

Unicode

  ရီရှင်းသမီးလေးရှင်းရှင်းက တစ်နှစ်ပြည့်တော့မာမို့ ရီရှင်းအရမ်းပျော်တယ်။ကိုကိုကပြောတယ် သမီးလေး တစ်နှစ်‌ပြည့်ရင် တရုတ်ပြည်ကို ခေါ်သွားမယ်တဲ့။

သူကပူဆာလိုက်ရင် ကိုကလိုက်ပို့မယ်ဆိုတာ သိပေမယ့် ဒီလောက်နဲ့တင် ကိုကိုပင်ပန်းနေပြီမလား။အဲကြောင့် ကိုကိုစကားအတိုင်း သမီးလေးတစ်နှစ်ပြည့်မ ရှောင်ကျန်းတို့ဆီကို သွားလယ်ခဲ့မည်။

"ကိုကို ပြန်လာပြီလား"

"အင်း ကလေး မွ သမီးရော"

အလုပ်ကနေပြန်လာတိုင်း ကျန်းရီရှင်းလွယ်အိတ်ကို ရီရှင်းယူလိုက်ပြီး ကျန်းရီရှင်းက ရီရှင်းကို အနမ်းလေးပေးပြီးမှ သမီးကိုမေးလာခဲ့သည်။

"အိပ်နေတာ ကိုကိုရေ"

ခါတိုင်းဒီအချိန် မအိပ်တတ်တဲ့ သမီးကအိပ်နေတယ်ဆိုတော့ နေမကောင်းတာများလား?

"သမီးနေမကောင်းဘူး‌လား ကလေး"

"ကောင်းပါတယ် ကိုကိုရေ ကြည့်ဦးကိုကိုသမီး တစ်နေကုန်ကစားနေတာ စောနကမအိပ်တာ"

နှုတ်ခမ်းလေးဆူပြီး သမီးလေးကစားလို့ တစ်ခန်းလုံးရှုပ်ပွနေတာကို လက်ညိုးထိုးပြပြီး ကြည့်ခိုင်းနေသော ရီရှင်းကြောင့် ကျန်းရီရှင်းမပြုံးပဲနဲ့ မနေနိူင်ပါ။

သမီးလေးက မိန်းကလေးသာ ဖြစ်နေတာ ကစားစရာတွေက အကုန်လုံး ယောက်ျားလေး ကစားစရာတွေချည်းပဲ ။ အခုလည်းကြည့် တစ်ခန်းလုံးရှုပ်ပွနေရောပဲ ဒါကမိန်းကလေးနော် ယောကျာ်းလေးသာဆို ‌ကျန်းရီရှင်းခေါင်းတစ်ခုလုံး ဆံပင်အဖြူတြွေဖစ်ကုန်မာ။🤣

ဆူထွက်နေသော ရီရှင်းနှုတ်ခမ်းကို ကျန်းရီရှင်းနမ်းလိုက်တော့ ချက်ချင်းတုံပြန်လိုက်တဲ့ ချစ်ရသူကြောင့် အနမ်းရှိန်တွေ တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ အသက်ရှူဖို့လိုပြီဆိုကာမှ ကျန်းရီရှင်းလွတ်ပေးလိုက်သည်။

နှုတ်ခမ်းလေးဟစိဟစိနဲ့ အသက်ရှူနေတဲ့ ရီရှင်းက ကျန်းရီရှင်းစိတ်နဲ့သာဆို အားရပါးရချစ်ပစ်လိုက်ချင်တာ။ အခုက သမီးလေးပွထားသမျှ အရှုပ်တွေကို သူအရင်ရှင်းရမာ မဟုတ်လား။

Our Family (Completed)Where stories live. Discover now