Part-14

1.7K 102 3
                                    

Unicode

  မားနဲ့အတူ အိပ်ချင်တယ် ဆိုလာတဲ့သားကြောင့် အိမ်အပြန်လမ်းလေးမာ ရှောင်ကျန့်နဲ့ဝမ်ရိပေါ်နှစ်ယောက်တည်း ကျန်တော့သည်။
ရှောင်ကျန့်က သားကိုစိတ်မချပေမယ့် နိုင်နိုင်းကို လွမ်းနေသေးတယ် ဆိုတဲ့သားစကားကြောင့် မငိုရဘူး ဂျီမဂျရဘူး အိမ်ပြန်ချင်တယ်ဆို ပါပါးကိုဖုန်းဆက် ပါပါးလာခေါ်မယ်ဆိုပြီး အမှာစကား‌ကို အထပ်ထပ်မှာပြီးမှ အိမ်ပြန်လာခဲ့သည်။

ရိပေါ် ကိုကို ကိုကြည့်တာ သားအကြောင်းတွေးနေပြီထင်တယ်။ အသည်းနုလိုက်တာ ကိုကိုရာ။ သူတို့လည်း အတူအိပ်မယ်လေဆိုလာပြန်လည်း မောင်ပင်ပန်းတယ်မလား။
အိမ်မာပဲ အေးဆေးနားရအောင်တဲ့။ သူ့အတွက်တွေးပေးနိူင်လွန်းတဲ့ ကိုကိုကြောင့် ပင်ပန်းနေတယ်ဆိုတာ ဘာမှန်းမသိပျောက်ပျောက်သွားတယ်။

ဒီလိုနဲ့ အိမ်ပြန်လမ်းလေးမာ ရှောင်ကျန့်က သားကိုစိတ်မချအကြောင်း တွေးလာသလို
ကားမောင်းနေတဲ့ ဝမ်ရိပေါ်လည်း ကိုကိုပေးတဲ့အချစ်ကို ရယူပြီး ပြုံးပျော်နေသတဲ့။
.....

"ဟာ အိပ်တော့မာကို မောင်ခေါင်းလျှော်တာလား  နေမကောင်းဖြစ်နေတော့မာပဲ"

အိပ်ယာပေါ်မာ ဖုန်းထိုင်သုံးနေတဲ့ ကိုကိုနောက်ကျောကို ဖက်ရင်း ကိုကိုရဲ့စိတ်ပူနေတဲ့အမေးစကားကြောင့် ဝမ်ရိပေါ်အပြုံးလေးက လှသထက်ကိုလှနေတော့သည်။

"ဆိုးလိုက်တာ လာကိုကိုသုတ်ပေးမယ်"

ဖုန်းကိုချပြီး သူ့ဘက်လည့်လာတဲ့ ကိုကို ကိုရိပေါ် ချစ်မဝသောအကြည့်လေးနဲ့ ကြည့်လိုက်ပြီး ခေါင်းညိတ်ရင်းနဲ့ ကိုကိုနှုတ်ခမ်းကိုပါ နမ်းနေလိုက်သည်။

"တော် တော်တော့မောင် ကိုကိုခေါင်းသုတ်ပေးမယ် မဆိုးနဲ့တော့"

"အွန်း မြတ်နိုးလိုက်တာ ကိုကိုရာ"

မောင်စကားအဆုံး ရှောင်ကျန့်ပြုံးနေလိုက်သည်။ မောင်နဲ့အတူ ဘဝတစ်ခုတည်ထောင်ပြီးကတည်းက ရှောင်ကျန့်မာ အမြဲတမ်းပြုံးပျော်နေရသည်။ တစ်ခါတစ်လေ ကလေးလေးလို ဂျစ်ကန်ကန်ဆိုးတတ်နေတာလေးကိုရော ရှောင်ကျန့်ကို ပျော်ရွှင်မှု့အသစ် ရသမှု့အသစ်နဲ့ ခံစားချက်အမျိုးမျိုးကို ပေးနိူင်လွန်းတယ်။

Our Family (Completed)Where stories live. Discover now