Part_16

1.6K 101 3
                                    

Unicode

ဆေးရုံကြီးရဲ့ VIPအခန်းထဲမာ အိပ်ပျော်နေသော သားအဖလေးဟာ အိပ်မက်ထဲမာ သူတို့ဒယ်ဒီကို လိုက်စနေကြလို့ ပျော်နေကြသလို စိတ်ပူလွန်ပြီး ထမင်းတောင်မစားပဲ စောင့်နေတဲ့လူတစ်ယောက်လည်း ရှိနေခဲ့သည်။

ဆရာဝန်ကပြောတယ် အားနည်းပြီး‌မိုးရေထဲ ပြေးလာတာမို့ အရမ်းလည်းစိတ်မပူနဲ့ မကြာခင်သတိပြန်ရလာမာပါတဲ့။

တစ်ညနဲ့ တစ်ရက်ပြည့်တော့မယ် အခုထိနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသေးသော ကိုကို ကိုကြည့်ပြီး ရိပေါ်သူ့ကိုသူအပြစ်တင်လို့မဆုံး။

သူသာ ဖုန်းကိုcompany မာ မမေ့ကျန်ခဲ့ရင် သူသာ ကားကိုဂရုစိုက်ပြီး မောင်းဖြစ်ခဲ့ရင်

(Flashback )

ညနေလေးနာရီအချိန်တွင်း ရုတ်တရက်ရွာချလိုက်မိုးကြောင့် ရိပေါ်အစည်းအဝေး ခန်းမထဲကနေ ကိုကိုဆီ စာပို့လိုက်သည်။

ငါးနာရီမာ ကိုကိုက ဖုန်းဆက်လာတယ်။

"ဟဲလို မောင်"

"ဟဲလို ကိုကို မောင်အခုမ အစည်းအဝေးပြီးတာ မိုးရွာလား အိမ်မာ ဒီမာမိုးရွာနေတယ်"

"အင်း မောင် ကိုကိုလည်းအဲ့တာပြောမလို့ပဲ မိုးရွာနေလို့ မောင်ပဲသားကို သွားကြိုနော်"

"ဟုတ် ကိုကို နွေးနွေးထွေးထွေးနေနော်"

"နွေးသွားအောင် မောင့်ရင်ခွင်ထဲမှ မဟုတ်တာ"

"အားးး"

ရှောင်ကျန့် သူ့ဘာသာသူပြောပြီး တစ်ယောက်တည်းပြန်ရှက်နေတာ ။အဲ့လိုပြောလိုက်တော့ သူ့ကိုယ်သူ ဆယ်ကျော်သက်အရွယ်လို့တောင် ပြန်ခံစားမိတယ်။

တစ်ဖက်က ဝမ်ရိပေါ်မာတော့ သူ့ကိုကိုစကားကြောင့် ဆိုဖာပေါ်မာရှိတဲ့ ‌ခေါင်းအုံ့သေးသေးကို ဖက်ပြီး ရင်ထဲမာ ကလိကလိနဲ့ဖြစ်နေတော့သည်။ အခုဆို ကိုကိုသာ သူ့အနားမာ ဆိုရင် အားရပါးရချစ်ပစ်လိုက်မိမာ။

သူ့အော်သံကြောင့် ဖုန်းထဲက ကိုကိုရယ်သံကို ကြားဖြစ်အောင် ကြားလိုက်သေး။

"ကိုကိုရေ မောင်ကိုရူးသွားစေချင်တာလား မောင်ချစ်ချင်လွန်းလို့ ဘယ်လိုလုပ်ရမာလဲ"

Our Family (Completed)जहाँ कहानियाँ रहती हैं। अभी खोजें