Part-5

2.8K 165 11
                                    

Unicode

"သားတို့ ရောက်လာကြပြီလား လာလာ..."

"ဟုတ် မား"2

"နိူင်နိူင့်(奶奶)"

အိမ်ထဲဝင်ဝင်လာခြင်းပဲ သူ့ဒယ်ဒီနဲ့ပါပါးနောက်ကနေ ဆိုင်ကယ်အရုပ်ကိုင်လာပြီး သူ့ရဲ့နိူင်နိူင့်ကို ပြေးခေါ်တဲ့စော်အော့ရယ်ပါ။အားလုံးရဲ့ အချစ်ခံလေးပေါ့။

"နိူင်နိူင့်ရဲ့မြေးလေး နိူင်နိူင့်ဆီလာပါဦး နိူင်နိူင့်သတိရနေတာ"

"စော်အော့လည်း နိူင်နိူင့်ကို အများ...ကြီးသတိရနေတာ ဒယ်ဒီကမလိုက်ပို့ဘူးလေ"

"မင်းမဟုတ်တာလျှောက်မပြောနဲ့"

ရိပေါ်မားတော့ သူရဲ့မြေးလေးစကားကြောင့် တဘောတကျပြုံးနေလိုက်သည်။ စော်အော့လေးက သူ့ဒယ်ဒီငယ်ငယ်လေး အတိုင်းပဲ သူတစ်ခုခု လိုချင်တာ ဖြစ်ချင်တာ အကုန်လုံးကို အလိမ္မာနည်းလေးနဲ့ လူကိုချွဲပြီး သူများကိုပုံချတတ်သေးတာ။

စပြီ သားစော်အော့လေးတော့ သူ့ဒယ်ဒီကို မစရရင် မနေနိူင်ဘူးထင်တယ်။  ရန်ဖြစ်တာနိူင်လွန်းတာလည်း သူတို့ပဲ ပြီးရင်လည်း ပြန်တည့်နေကြတာ သူတို့မဟုတ်တဲ့အတိုင်း ။

ရှောင်ကျန်းကို သဝန်တိုနိူင်လွန်းတာလည်း သူ့တို့သားအဖပဲ ဖြစ်ပြန်ရော။ ရှောင်ကျန်းမာ တစ်နေ့တစ်နေ့ သူတို့သားအဖကြောင့် ပျင်းနေရတယ်ကို မရှိတာ ။

" ခိခိ "

"အိမ်မာပဲ နေချင်တယ်လို့ ပြောတာဘယ်သူတုန်း"

မားကို ချွဲပြီးတော့ သနားစရာမျက်နှာလေးနဲ့ သူ့ကိုအပြစ်ပုံချတဲ့သားကို ရိပေါ်ထုချင်စိတ်ကတဖွားဖွား ။ ကြီးလာရင် မင်းသားလုပ်ခိုင်းရမယ် ။ ဘယ့်နှယ် ဒယ်ဒီကလိုက်မပို့ဘူးဆိုလား ဘာလား သူပဲအဆော့မက်နေပြီးတော့ ။

စကားတတ်နေပုံကြည့်ရင် ညကျအိပ်ခန်းခွဲအိပ်ခိုင်းမှ ရတော့မယ်လို့ ရိပေါ်တွေးနေလိုက်သည်။ သူ့ကြောင့် ကိုကိုနဲ့လွတ်လွတ်လပ်လပ်ကို မချစ်ရတာ အတော်ကြာပြီလေ။
သူ့အတွေးနဲ့သူ ပျော်နေတဲ့ရိပေါ်က ရှောင်ကျန်းကိုကြည့်ပြီး ကြောက်စရာအပြုံးလေးနဲ့ပြုံးနေလိုက်သည်။

Our Family (Completed)Where stories live. Discover now