Part-13

1.9K 104 7
                                    

Unicode

နောက်တစ်နေ့ ရောက်တော့ သားကိုကျောင်းလိုက်ပို့အပြီး  ရှောင်ကျန့်ကို သူနဲ့အတူ companyကို ခေါ်သွားပေမယ့် ရှောင်ကျန့်မလိုက်တော့လို့ ဝမ်ရိပေါ်က မျက်မှောင်ကုတ်ပြီး ပေါက်ကွဲတော့မယ့် ဗုံးအတိုင်း နှုတ်ခမ်းပါဆူရင်းနဲ့ အလုပ်ကိုသွားသတဲ့။

ဝန်ထမ်းတွေကတော့ သူတို့ရဲ့CEOအကြောင်း သိသူပီပီ ဘယ်သူ့မှ စကားမပြောရဲကြဘဲ အသံတိတ်ပြီး ခေါင်းငုံ့နေကြသည်။
တံခါးကို စောင့်ပိတ်နေတဲ့ CEOကြောင့် ဝန်ထမ်းတွေက အစ်ကိုရှောင်ကျန်းရေ ကယ်ပါလို့ တနေတော့သည်။

အိမ်ထောင် သက်တမ်းက တစ်ရက်နှစ်ရက်မှ မဟုတ်တော့ပဲ နှစ်နဲ့ချီပြီးတာတောင် မောင်က အခုထိအချိန်ရရင် ရသလိုလူကိုလိုက်ကပ်နေသေး။

မယုံတာလားဆိုလည်း မဟုတ်ပြန်။ဒီအတိုင်းပဲ အနားနေချင်သေးတာတဲ့လေ။

ခုံပေါ်က မက်ဆေ့အသံကြောင့် တွေးနေ
တာတွေရပ်ပြီး ဖုန်းကိုကြည့်လိုက်တော့ အစ်ကိုဇယ်ဝူကျွင်းဆီကမို့ သူဝင်ဖတ်လိုက်တော့
💌ရှောင်ကျန့်ရေ မင်းတော့ companyကို လာမှရတော့မယ်"တဲ့ ဘာတွေလည်း မောင်ဘာဖြစ်တာလည်း သူလည်းအပေါ်ထပ် အင်္ကျီကိုယူပြီး ထွက်သွားမလို့ လုပ်ကာမ
တစ်ခါပြန်လာတဲ့ မက်ဆေ့အသံကြောင်း သူပြေးနေရင်းနဲ့ ဝင်ဖတ်လိုက်သည်။

💌အရမ်းလည်း လန့်မနေနဲ့ ဝမ်ရိပေါ်က တစ်လောကလုံးနဲ့ ရန်ဖြစ်နေသလို အရေးကြီးအစည်းအဝေး လုပ်ရမာကို မလုပ်ပဲ မျက်မှောင်ကုတ်ပြီး ထိုင်နေတာ လာကတည်းကမို့ အစ်ကိုဘယ်လိုပြောပြော
မရတာမို့ ရှောင်ကျန့်မလာနိူင်ရင် ဖုန်းဖြစ်ဖြစ်ဆက်ပြီး ပြောပေးပါ💌တဲ့

စာဖတ်ပြီး ရှောင်ကျန့်ရပ်ရမလို ဆက်သွားရမလို။ မောင်ဟာလေ ရှောင်ကျန့်သက်ပြင်းပဲ ချနိူင်တော့တယ်။ ဆိုးလိုက်တာ မောင်ရာ။

သူလည်း အဒေါ်ကြီးကို နေ့လယ်စာအတွက် မလုပ်ပေးနဲ့လို့ ပြောပြီး မောင်ရှိရာ companyကို လိုက်သွားခဲ့သည်။

.......

လူက စိတ်မကြည်ဘူးဆိုနေမ အစ်ကိုဇယ်က အစည်းအဝေးအကြောင်းပဲ ပြောနေတော့ စိတ်ရှုပ်လာတာမို့ အနောက်ဘက်မာရှိတဲ့ အိပ်ခန်းထဲဝင်ပြီး တံခါးလော့ချလိုက်သည်။

Our Family (Completed)Unde poveștirile trăiesc. Descoperă acum