Part-10

2.2K 128 3
                                    

Unicode

  "ပါပါး အဲ့အဝတ်ပြန်လဲ"

ဒီနေ့က ရိပေါ်တို့မိသားစု ကစားကွင်းသွားလည်မာမို့ စော်အော့လေးက သူ့ပါပါးဝတ်နေဒီဇိုင်းကို ကြည့်ပြီး ပြန်လဲခိုင်းနေတာဖြစ်သည်။

ရိပေါ်ကတော့ အောက်ထပ်မာ ကြိုပြီးသားနို့ကို ဆင်းယူတာ။ နို့ဗန်းကိုကိုင်ပြီး တံခါးဝကို ပြန်ရောက်တော့ ကိုကိုဝတ်နေတဲ့ပုံစံကို ကြည့်ပြီး သားကပြန်လဲခိုင်းနေသည်။

ပါးဖောင်းဖောင်းလေးနဲ့ လက်တစ်ဖက်က မေ့စေ့ကိုင်ပြီး ကျန်လက်တစ်ဖက်က ခါးကိုထောက်ရင်း ဆရာကြီးလို ပုံစံဖမ်းပြီး သူ့ပါပါးကို ဝေဖန်နေတာ ။

တစ်ခါနှစ်ခါသုံးခါမကတော့ပဲ ကိုကိုဝတ်တဲ့အစုံတိုင်းကို ပြန်လဲခိုင်းနေသောသားကြောင့် ရိပေါ်တဘောတကျပြုံးနေလိုက်သည်။

ကြာလာတော့ ကိုကိုလည်း စိတ်မရှည်တော့ဘူးထင်တယ်။

"အိုက်ယား သားစော်အော့ တော်တော့ "

"ပါပါးကလည်း"

သားကပြောလည်း ပြောချင်စရာလေး။ကိုကိုက ဘာပဲဝတ်ဝတ် လှနေပြီး အရမ်းကိုကြည့်ကောင်းလွန်းနေတာ။ ဒီပုံစံနဲ့ သူလည်းအပြင်မခေါ်သွားဘူး သားမလဲခိုင်းရင်တောင် သူကပြန်လဲခိုင်းမာ။(လုပ်နေလိုက်🧐

နှုတ်ခမ်းလေးဆူပြီး တကယ်မောသွားပုံရတဲ့ကိုကိုက ကုတင်ပေါ်ထိုင်ချလိုက်သည်။ သားကသူ့ကိုမြင်တော့ မျက်စိတစ်ဖက်မှိတ်ပြပြီး ကိုကို့ ကိုလက်ညိုးထိုးပြနေတာ ။သဘောက သူ့ကိုကူပြောစေချင်တာ။ ယူလာတဲ့ နို့ဗန်းကို ခုံပေါ်မာ ထားလိုက်ပြီး ကိုကိုနားမာ သွားထိုင်လိုက်သည်။

"ကိုကို "

"........"

"ဘာကိုအလိုမကျ ဖြစ်နေတာလဲဗျာ"

"ဒီမာလေ မောင့်သားပေါ့ ကိုကိုဘာပဲဝတ်ဝတ် ပြန်လဲခိုင်းနေတာ ဆယ်ခါမကတော့ဘူး သိလား"

"ဒယ်ဒီနဲ့ပါပါးသားပါ ပါပါးကလည်း"

သားစကားကြောင့် ရိပေါ်ပြုံးနေလိုက်တော့
သားကိုမျက်စောင်းထိုးနေတဲ့ ကိုကိုက သူ့ဆီကိုလည့်လာလိုက်သည်။

Our Family (Completed)Where stories live. Discover now