Part-21

1.6K 97 9
                                    

Unicode

  " မောင် "

ရုတ်တရက် ရိပေါ်ကြားရတဲ့ အသံကြောင့် သူ့ကိုယ်ပေါ်လဲကျသွားသော သူမကို တွန်းထုတ်ပစ်လိုက်သည်။ "အ" ဘယ်သူလဲဆိုတာ မေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားမို့ တံခါးဝမာ အထုပ်လေးဆွဲပြီး ဘာမှမဖြစ်သလိုပုံစံနဲ့ ရပ်နေတဲ့ ရိပေါ်ရဲ့‌အိမ်ဦးနတ်လေးဆီ ရိပေါ်အပြေးလာခဲ့သည်။

သူမတော့ ခွေးလိုလိုသက်မဲ့တစ်ခုလို အတွန်းခံရတာကြောင့် သူမခေါင်းဟာ ခုံခြေလေးနဲ့ သွားထိလိုက်လို့ ဆစ်ကနဲနာသွားတာတောင် ဘယ်သူတစ်ယောက်ကမှ ဂရုစိုက်ခြင်းမရှိ

"ကိုကို မောင်ရှင်းပြမယ် "

သူရှင်းပြမလို့လုပ်ကာ ကိုကိုက လက်ကလေးထောင်ပြပြီး မရှင်း‌နဲ့ဆိုတဲ့သဘောမျိုးမို့ ရိပေါ်စိုးရိမ်စိတ် ပိုကြီးထွားလာသည်။

"ကိုကို မောင်ရှင်းပြမယ်နော် မောင်ရှင်းပါစေ မောင်..."

ရှင်းဖို့သာပြောပြီး ဆက်ပြောမလာတဲ့ မောင်ကြောင့် ရှောင်ကျန့စိတ်တိုသွားသည်။

ရုပ်တည်ကြီးနဲ့ သူမဆီလျှောက်လာတဲ့ ceoကိုကိုကြောင့် ဆူဆူတစ်ယောက်လန့်လွန်းလို့ သူမရှင်းပြမယ်လို့ တွေးထားတဲ့ စကားလုံးတွေက ရင်မာဆို့နစ်နေလိုက်‌သည်။
နီးလာသော ခြေလှမ်းကြောင့် သူမကိုရိုက်တယ်အထင်နဲ့ ဆူဆူမျက်စိမှိတ်နေလိုက်သည်။ ဒါပေမယ့် ထင်တာနဲ့လွဲသွားတာက အဲ့ceoကိုကိုက သူမကိုမရိုက်တဲ့အပြင် သူမကိုပါ ဆွဲထူပေးလိုက်တာမို့ ဆူဆူကျောက်ရုပ်တစ်ယောက်လို ဖြစ်သွားသည်။
အဲ့လို
အံ့ဩသွားတာက ဆူဆူတစ်ယောက်တည်း မဟုတ်တဲ့အပြင် နောက်ကရပ်နေတဲ့ ဝမ်ရိပေါ်လည်း မျက်လုံးအပြူးသားနဲ့ ကိုကိုလုပ်ရှားမှုတိုင်းကို ကြည့်နေခဲ့သည်။

"ညီမလေး ရရဲ့လား"

နဂိုကတည်းက စိတ်နဲ့လူမကပ်တဲ့သူမက ceoကိုကိုရဲ့ နူးနူးညံ့ညံ့အမေးစကားကြောင့် သူမရှိသမျှ အသိစိတ်ပါ ပျောက်ကုန်ပြီ

"ဆေးရုံသွားဖို့ လိုနေပြီထင်တယ်"

နောက်ထပ်စကားပြန်လာတဲ့ ရှောင့်ကျန့်အသံကြားမှ ဆူဆူတစ်ယောက်အသိစိတ်ပြန်ဝင်လာသည်။

Our Family (Completed)Where stories live. Discover now