Part-12

2.2K 119 9
                                    

Unicode

အဲ့နေ့ကတည်းက ဒီနေ့နဲ့ဆို ရိပေါ်နဲ့ရှောင်ကျန့် စကားပြောဖြစ်ကြတာ သုံးရက်ရှိပြီ။ စကားသာမပြောတာနော် ရိပေါ်တို့ကတော့ သူ့ကိုကို ကိုဂရုစိုက်မြဲ။

လုပ်ပေးနေကျ မနက်စာလည်း လုပ်ပေးသလို ညဘက်ဆိုလည်း ရှောင်ကျန့်အိပ်ပျော်ပြီ ဆိုကာမ သူ့ရင်ခွင်ထဲ ထည့်အိပ်မြဲ။ ရှောင်ကျန့်က ဒီသုံးရက်အတွင်းမာ အိမ်မာမဟုတ်ပဲ
သူ့ပါးcompanyကိုသွားပြီး အလုပ်လုပ်နေသည်။

သားအတွက် ဝေယျာဝိစတွေ အကုန်လုံးက ဝမ်ရိပေါ်ပဲ လုပ်ပေးနေသည်။ အရင်က သားကိုအမြဲရေချိုးပေးတဲ့ ကိုကိုက အခုဆိုသားရှိတယ်လို့ မထင်။ သားတောင်မေးနေပြီ ပါပါးက သူ့ကိုမချစ်တော့ဘူးလားတဲ့။
.

ရှောင်ပါး သူ့ရှေ့မာ ထိုင်နေတဲ့သားက အလုပ်လုပ်နေတယ်လို့သာပြောတာ စိတ်နဲ့ကိုယ်မကပ်တဲ့ သားကိုကြည့်ပြီး ရှောင်ပါးခေါင်း‌ခါနေတော့သည်။

"သားကျန်း"

"ဟုတ် ပါး"

"သားတို့ရန်ဖြစ်ထားတာလား"

"မဟုတ်တာ ပါးကလည်း"

ရန်ဖြစ်တာတော့ မဟုတ်ပေမယ့် ဒီအတိုင်းစကားမပြောချင်လို့ ။ ဒီကိစ္စကိုပါးတို့သိရင်လည်း ခွင့်ပြုပေးမာ မဟုတ်ဘူး။ ဘာလို့ဆို ပါးနဲ့မောင်က စိတ်ချင်းစပ်နေတာမို့။ အဲ့ကြောင့် ရှောင်ကျန့်အမှန်အတိုင်း မပြောပဲ ငြင်းနေခဲ့တာ။

အရင်က အိမ်မာပဲ‌ အလုပ်နေတဲ့သားက ဒီသုံးရက်အတွင်းမာ companyကို လာလုပ်နေတော့ စကားများနေကြမှန်း ရှောင်ပါးသိတယ်။ သားလိမ်နေမှန်း သိပေမယ့် သားတောင်မပြောချင်တဲ့ ကိစ္စကိုရှောင်ပါး အတင်းမေးမနေတော့ဘူး။

"ကောင်းတယ်  မနေ့က မြေးလေးကပါးဆီကို ငိုပြီးဖုန်းဆက်လာတယ် သားကသူ့ကိုမချစ်တော့ဘူးတဲ့
ရန်ဖြစ်စိတ်ဆိုးတာတော့ ရှိတတ်‌ပေမယ့် မြေးကငယ်ပါသေးတယ် လူကြီးကြောင့် မြေးလေးစိတ်ဆင်းရတာတော့ မလုပ်နဲ့ပေါ့ကွယ်"

ရှောင်ကျန့် ပါးပြောတဲ့ သူကသားကိုမချစ်တော့ဘူးဆိုတဲ့စကားကြောင့် သူ့ရင်ထဲဆစ်ကနဲ့ နာကျင်သွားသည်။
မျည်ရည်တွေလည်း မိုးသီးလိုအဆက်မပြတ် ကျလာသည် ။ ပါးဆက်ပြောတဲ့ စကားတွေလည်း သူမကြားတော့ဘူး။ သူ့နားထဲမာ သူကသားကိုမချစ်တော့ဘူးဆိုတဲ့ စကားပဲ ပဲ့တင်ထပ်ကြားနေတယ်။

Our Family (Completed)Where stories live. Discover now