Part-20

1.6K 94 9
                                    

Unicode

  စော်အော့ ရှောင်ပါး/မားတို့နဲ့ အတူ ချုံချင်းမာလာနေတဲ့ နှစ်ရက် ဒီနေ့နဲ့ဆို သုံးရက်ပေါ့။

အဲ့ဒီသုံးရက်‌အတွင်းမာ လိမ္မော်သီးခူးဖို့ကိုပဲ စိတ်ရောက်နေလို့ သူ့ဒယ်ဒီနဲ့ပါပါးကိုတောင် မေ့လို့ ၊ ရှောင်ပါးကတော့ အရမ်းသဘောတွေကျနေသည် ဘာလို့ဆို သူ့မြေးလေးက သူတို့နဲ့နေတာ ပျော်တဲ့သဘောပဲမလား။

မနက်အစောနိုးလာရင် ရှောင်ပါးက မျက်နှာသစ်တာကအစ ရေချိုး အဝတ်အစားလဲပြီးတဲ့အထိ စော်အော့ကို ရှောင်ပါးပဲ အကုန်လုပ်ပေးတာ။လိမ္မာတဲ့စော်အော့လေးက သူ့ယဲ့ယဲ့လုပ်ပေးတာကို တီတီတာတာ‌ သူ့ယဲ့ယဲ့နဲ့စကားပြောရင်း ငြိမ်နေရှာသည်။

ရှောင်မားကိုတော့ သားကျန်းငယ်ငယ်က သူမလုပ်ပေးနေတာများပြီမို့ အခုမြေးလေးကို ရှောင်ပါးလုပ်ပေးချင်တဲ့လေ။(အချစ်ခံရတဲ့ ကလေး)

အဲ့တော့ ရှောင်မားက မြေးအတွက်ဟင်းတွေကို သူမကိုယ်တိုင်ပဲ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ပေးလိုက်တော့သည်။
အစကတည်းက
ချက်ကျွေးချင်နေတာမို့ ရှောင်မားတို့က ပျော်ပြီးရင်းပျော်နေသတဲ့။

အိမ်တော်ထိန်းတွေကတော့ ရှောင်ပါးနဲ့ရှောင်မားကို ကြည့်ပြီး မိဘတွေက ကိုယ်သားတွေထက် မြေးကိုပိုပြီးသည်းသည်းလုပ်နေကြတယ်ဆိုတဲ့ သူတို့ရဲ့အဖိုးအဖွားစကားကို အခုယုံလိုက်ပြီလေ။ အဲလိုပြောနေကြလို့ မိဘတွေက ကိုယ့်သားသမီးကို အချစ်လျော့သွားတာတော့မဟုတ်ဘူးနော် ၊ ဘယ်မိဘတွေက ကိုယ့်သားသမီးကို မချစ်တာမရှိဘူး သူတို့ရဲ့သွေးသားပဲကို မချစ်ပဲနေမလား ချစ်တာပေါ့။ ဒါပေမယ့် ကိုယ့်သားတွေက ဆူရဲရိုက်ရဲ လုပ်တတ်ပေမယ့် မြေးတွေကအဲလိုမရှိဘူးလို့ပဲပြောတာ။ အနည်းဆုံး အသေးအဖွဲ့လေး အမှားလုပ်မိရင် ဆူပူကြိမ်းမောင်းနေမယ့်အစား သူတို့ဒေါသကိုမျိုသိပ်ပြီး မြေးလေးတွေ နားလည်လာအောင် အနုနည်းလေးနဲ့ ပြန်ရှင်းပြတတ်တာ။ အ‌တာကြောင့် သားထက် မြေးကို ပိုသည်းကြတယ်လို့ ပြောတာ။

စော်အော့မာ ပျင်းရတယ်ကို မရှိဘူး။ စော်အော့ ဒီလာတဲ့နှစ်ရက်သုံးရက်အတွင်း ဒယ်ဒီနဲ့ပါပါးဆီကို ဖုန်းသုံးခါပဲပြောရသေးတယ်။ ရှောင်ပါးနဲ့ကစားလိုက် လိမ္မော်ခြံသွားလိုက်နဲ့ ညဘက်ဆို ပင်ပန်းလို့ထင် အစောကြီးအိပ်ယာဝင်လိုက်တာ ဒီနေ့လည်း ညစာစားပြီး ကာတွန်းကားကြည့်ရင်းနဲ့ ရှောင်မားပေါင်ပေါ်မာ ခေါင်းအုံ့လေးလုပ်ပြီး အိပ်ပျော်နေပြန်ပြီ။

Our Family (Completed)Where stories live. Discover now