Part -3

3.6K 206 7
                                    

Unicode

    ကျန်းရီရှင်းတစ်ယောက် သူ့ရဲ့ကလေးကို ရှာမတွေ့သေးလို့ အရမ်း‌ကို စိတ်ပူနေပြီ။
အရင်က သူ့ကိုစိတ်ဆိုးပြီဆို အပြင်မာ တစ်နာရီလောက် လျှောက်သွားနေကျ ပြီးရင်ပြန်လာတာပဲ။
အခုဟာက နှစ်ရက်တောင်ရှိနေပြီ။ ဖုန်းခေါ်လည်းမရ စက်ပိတ်တာနဲ့ပဲ တိုးနေတယ်။
လူပျောက်တိုင်ကြားထားတာလည်း အခုထိမတွေ့သေးဘူး ။ ဘယ်တွေသွားနေတာလဲ ကလေးရာ။
ကိုကို့ ကိုအခြားနည်းနဲ့ပဲ အပြစ်ပေးပါလား။ ကိုကိုတောင်းပန်ပါတယ် ကျေးဇူးပြုပြီး ပြန်လာပေးပါတော့လား မဟုတ်ရင် ကိုကိုသေသွားလိမ့်မယ့်။

Flashback-

ကျန်းရီရှင်းနဲ့ရီရှင်း ဆေးရုံကအပြန်လမ်းမာ ရီချင်းက ကင်ချီစပ်စပ်လေး စားချင်တယ်ဆိုပြီး ကျန်းရီရှင်းကို ဝယ်ခိုင်းသည်။
အိမ်တောင်မရောက်သေးဘူး အပူအစပ်တွေရှောင်ပါဆိုတဲ့ ဆရာဝန်စကားကို မေ့နေပြန်ပြီ။

"ကိုကို ဂင်ချီစပ်စပ်လေး စားချင်တယ်"

"မရဘူးလေ ကလေးရာ အခြားဟာစား"

"ကလေးက အဲ့တာပဲစားချင်တာ"

"ဒါပေမယ့် အဲ့တာက စပ်တယ်လေကလေးရဲ့  ပိစိလေးအတွက်လည်း မကောင်းဘူး ကလေးက ပိစိလေးကို မချစ်ဘူးလား"

"ဟွန့်" အဲ့တာနဲ့ပဲ ကိုင်ပေါက်နေပြန်ပြီ။သူပဲဒီလိုဖြစ်အောင် လုပ်နေပြီးတော့ စာနာစိတ်မရှိတဲ့လူကြီး။ အဲ့တာနဲ့တစ်လမ်းလုံး ကျန်းရီရှင်းပြောလာသမျှ ဘာမြှပန်မဖြေပဲ အိပ်နေလိုက်သည်။

ကျန်းရီရှင်းဘယ်လိုချော့ချော့ မပြေတဲ့ရီရှင်းကို နောက်ဆုံးတော့လည်း ရီရှင်းရဲ့အလိုအတိုင်း လုပ်ပေးရပြန်သည်။ မပေးစားတာမဟုတ်ပဲ ကိုယ်ဝန်က လနုနေသေးတာမို့ အစပ်တွေ ‌စားလိုက်ရင် တစ်ခုခုဖြစ်သွားမာစိုးတာကြောင့်ပါ ။  ရီရှင်းလေးက ဒါတွေကို သိသိရက်နဲ့ တမင်ဆိုးပြနေတာ။

နောက်ဆုံးမနေနိူင်ပြန်တဲ့ ကျန်းရီရှင်းက လမ်းထိပ်က အဒေါ်ကြီးဆိုင်မာ ပြေးဝယ်ပေးလိုက်ရတယ်။ အစပ်မဟုတ်တဲ့ အချိုလေးပေါ့။

ဂင်ချီဗူးကိုဆွဲပြီး ပြန်လာတဲ့ ကျန်းရီရှင်းက အိမ်ရောက်ရောက်ခြင်း မြင်လိုက်တဲ့ မြင်ကွင်းကြောင့် သူ့ကိုပိုပြီး ဒေါသထွက်စေတယ်။

Our Family (Completed)Where stories live. Discover now