Part-15

1.7K 96 7
                                    

Unicode

   ရှောင်မားတို့ဆီ သွားအိပ်ပြီးပြန်လာကတည်းက စော်အော့လေးက သူတို့နဲ့အတူပဲ ပြန်အိပ်ဖြစ်တယ်။
ဘာလို့လဲ မေးတော့ ဒယ်ဒီနဲ့ပါပါးကို ချစ်လို့တဲ့။

ရိပေါ်မာတော့ သူ့ကိုကို ကိုအားရပါးရ မချစ်ရတာမို့ အိပ်ယာဝင်တိုင်း သားနဲ့စကားများနေကြသည်။

ရှောင်ကျန်းမာတော့ သူအေးအေးဆေးဆေးအိပ်ရရင် ပြီးရောဆိုသလားပဲ။ ဘာမှဝင်မပြောပဲ ပြုံးပြုံးလေး ဘေးကနေကြည့်နေတာ။

ဒီညလည်း အိပ်ပြန်ပြီထင်တယ်။ ရိပေါ်အောက်မာ သားအတွက် နို့သွားယူပြီး ပြန်တက်အလာမာတော့ ကိုကို့ရင်ခွင်ထဲကနေပြီး ကဗျာတွေ ရွတ်ပြနေတဲ့စော်အော့။

"ဟေ့ကောင် နို့လာသောက်ပြီး သွားအိပ်တော့"

ဒယ်ဒီစကားကြောင့် စော်အော့မျက်လုံးပြူးသွားသည်။

"ဒယ်ဒီနော် ဘာဟေ့ကောင်တုန်း သားနာမည်စော်အော့
နောက်ပြီး သားက ဘယ်ကိုသွားအိပ်ရမာတုန်း သားကပါပါးနဲ့အိပ်မာ"

"မရ‌ဘူး မင်းအခန်းမင်းပြန်အိပ် ငါ့ကိုကို ကိုလွတ်လွတ်လပ်လပ် ချစ်ချင်နေပြီ"

"မောင်သားရှိတယ်လေ ဘယ်လိုတွေပြောတာ"

"ဟွန့် ဒယ်ဒီက စော်အော့ရှိလည်း ချစ်နေကြကို စော်အော့မသိဘူးများ မှတ်နေလား"

ဒီတစ်ခါတော့ သားစကားကြောင့် ရိပေါ်ရောရှောင်ကျန့်ပါ မျက်လုံးပြူးကုန်ပြီ။

ဟုတ်တယ်လေ စော်အော့က စအိပ်ချိန်မာ ပါပါးရင်ခွင်ထဲမာ ဒယ်ဒီကစော်အော့ရဲ့ အနောက်မာ စော်အော့က ဒယ်ဒီနဲ့ပါပါးကြားပေါ့။

ဒါပေမယ့် စော်အော့နိူးတိုင်း စော်အော့က ဘေးကိုရောက်နေပြီ။ ဒယ်ဒီက ပါပါးကို ဖက်ပြီးအိပ်နေတာ။

စောအော့်ကိုကျ ဘေးမာစောင်ခြုံပေးပြီး တစ်ယောက်တည်း အိပ်ခိုင်းနေတာ။

ဒယ်ဒီကဆိုးတယ်။ဒါပေမယ့် စော်အော့စိတ်မဆိုးဘူး ။စော်အော့သိတယ် ဒယ်ဒီနဲ့ပါပါးက စောအော့ကို အရမ်းချစ်တယ်ဆိုတာကို။

အဲ့ကြောင့် စော်အော့တိတ်တိတ်ကလေးပဲ ပြန်အိပ်လိုက်တာ။

"မင်း "

Our Family (Completed)Where stories live. Discover now