Part-17

1.6K 100 3
                                    

Unicode

နေ့လယ်စာ ကျောင်းဆင်းချိန်မာ စော်အော့ကို နိုင်နိုင်းလာတွေ့တယ်လို့ ဆိုလာတဲ့ဆရာမစကားကြောင့် စော်အော့ဆရာမနဲ့အတူ နိုင်နိုင်းဆီ သွားလိုက်သည်။

"နိုင်နိုင်း "

"မြေးလေး လာပြီလား နိုင်နိုင်မြေးလေး ဗိုက်ဆာပြီလား "

"ဟုတ် နိုင်နိုင်း"

ဆရာမတော့ အချစ်ခံရတဲ့ စော်အော့လေးကိုကြည့်ပြီး အလှပဆုံးပြုံးနေလိုက်သည်။

ရှောင်မားက မြေးကိုနမ်းပြီး ဆရာမကိုကျေးဇူးတင်ကြောင့် ပြောပြီး စော်အော့ကို ထမင်းကျွေးလိုက်သည်။

သူမလုပ်လာပေးတဲ့ ကြက်ပေါင်းရည်နဲ့ဆူချီကို အားရပါးရစားပြီး အရသာရှိကြောင့် စားကောင်းကြောင့် လက်မလေးပါ ထောင်ပြနေတဲ့ မြေးကိုကြည့်ပြီး ရှောင်မားတစ်ယောက် ပင်ပန်းရကျိုးနပ်သည်။

ကြက်ပေါင်းကိုလွယ်လွယ်နဲ့ လုပ်နိူင်ပေမယ့် ဆူချီကတော့ ရှောင်မားမလုပ်ဖူးတာမို့ နည်းနည်းတော့ ခက်တယ်လေ။

ရှောင်မားက သားကျန်းနဲ့မြေးလေး နေမကောင်းဘူးဆိုလို့ အိမ်ကိုလာခဲ့ပေမယ့် သားကျန်းပဲ ရှိပြီး မြေးလေးကကျောင်းတောင်သွားနေပြီဆိုလို့ ရှောင်မားက ကျောင်းကိုလိုက်လာတာ ဖြစ်သည်။

နေမကောင်းတဲ့ ကလေးကို ဘာလို့ကျောင်းပေးသွားတာလဲ ဆိုပြီးတော့ သားကျန်းကိုဆူလိုက်သေးသည်။

သားကျန်းက နှာချေးတာတော့ ရှိသေးပေမယ့် အဖျားတော့ မရှိတော့ဘူး။

ရှောင်မားယူလာတဲ့ ကြက်ပေါင်းရည်ကို သားကျန်းကို တစ်ဝက်လောက်ချန်ထားပေးပြီး ကျန်တဲ့တစ်ဝက်နဲ့ ဆူချီကို မြေးဆီအကုန်ယူသွားလိုက်သည်။

မြေးလေးက ဆူချီကို အရမ်းကြိုက်နေခဲ့တယ် မဟုတ်လား။

အခုတော့ သူယူလာပေးတာ မှန်သွားပြီ။ ခေါင်းမဖော်တမ်း စားနေတဲ့မြေးကို ဖြည်းဖြည်းလေး စားစေလိုက်ပြီ ရေပါပေးသောက်လိုက်သည်။

မြေးလေး ကျောင်းတက်ပြီဆိုမှ ရှောင်မားသားကျန်းဆီကို တစ်ခါပြန်လာခဲ့သည်။

Our Family (Completed)Where stories live. Discover now