Ep.3

17.7K 1.4K 22
                                    

မျက်စိဖွင့်တာနဲ့မျက်လုံးထဲဝင်လာတဲ့ အလင်းရောင်စူးစူးကြောင့်မျက်စိကိုပြန်မှိတ်လိုက်သည် ။ အိပ်ရေးမဝသလိုဖြစ်နေပြီးအနည်းငယ်နောက်နေသော ခေါင်း
ကြောင့်သူဖြေးဖြေးချင်းသာထိုင်လိုက်သည် ။မနေ့ကသူအတော်သောက်လိုက်သည့်ပုံပေါ်သည်။

"နိုးရင်ထ ဒီမှာနင့်အတွက်အမူးပြေစွတ်ပြုတ်"

"ဟင်"

ပေါင်းလာတဲ့တစ်လျှောက်လုံးတစ်သတ်နဲ့တစ်ခါတောင်ဒီလိုမလုပ်ဖူးတဲ့သူငယ်ချင်းက ထူးထူးခြားခြားသူ့အတွက်ပြင်ဆင်ပေးနေသည် ။

"ငါမှာပေးထားတာ နင်အရင်ကဒီလောက်လည်းမသောက်ဖူးဘူးဆိုတော့ အလုပ်မသွားနိုင်မှာဆိုးလို့"

ဒါလည်းမှန်သည် ၊သူညကခါတိုင်းထက်ပိုမူးအောင်သောက်လိုက်တာလေ ။ အများကြီးဆက်မတွေးတော့ပဲသူယူလာပေးတဲ့စွပ်ပြုတ်ကိုသာ သောက်လိုက်သည်။ ပြီးရင်တော့ရေမိုးချိုးပြီးအိမ်ပြန်ရမည် ။ပြီးမှအလုပ်ကိုဆက်သွားရမည် ။

"ဒါဆိုငါပြန်တော့မယ် နင်ရေချိုးပြီးအိမ်ပြန်မှာမလား"

"အင်း"

ရတီ့တိုက်ခန်းကကိုယ်နဲ့မျက်နှာချင်းဆိုင်အခန်းမို့ အဆင်ပြေသည် ။ ဒီတိုက်ခန်းရဲ့အမည်ပေါက်ကိုရတီ့
နာမည်နဲ့သာသူလုပ်ထားသည် ။ ဒီတိုက်ခန်းသူဝယ်ထားတယ်ဆိုတာလည်းရတီနဲ့သူသာသိသည်လေ။

စွပ်ပြုတ်သောက်ပြီးတာနဲ့ သူရေချိုးခန်းထဲဝင်ပြီး
မူးနေတာတွေပျောက်အောင် ဆေးကြောလိုက်သည်။
မျက်စိမှိတ်လိုက်တာနဲ့သူ့အာရုံထဲပေါ်လာတဲ့ ခြေတစ်စုံကြောင့်သူတကယ်ခေါင်းနောက်နေမိသည် ။မသိရင်သူမူးနေတဲ့အချိန် တစ်ခုခုဖြစ်သွားသလိုမျိုး ။

<<<>>>

"ဦးလေး အကိုလေးသူငယ်ချင်းတွေရောက်နေပါတယ်"

"အော် ခေါ်ခဲ့လိုက်လေ"

လက်ရဲဇက်ရဲဆိုတဲ့ကောင်မနေ့ကထဲက Clubမှာတွေ့မယ်ဆိုပြီး အရိပ်တောင်မတွေ့တာတာကြောင့်
သူတို့လိုက်လာခြင်းပင် ။ဒီကောင်ဒီရက်ပိုင်းသူတို့ဆီလည်းမလာသလို ခြေလှမ်းအတော်ပျက်နေတာဖြစ်သည် ။

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now