Ep-24

11.5K 923 9
                                    


"မောင်လာနေပြီ အင်းအခုဆိုင်ရှေ့မှာ"

ခြယ့်ကိုပြန်အပို့ပြီးကုမ္ပဏီသွားရတာမို့ လက်ယာသူငယ်ချင်းနှင့်တွေ့ဖို့ကိစ္စပင်မေ့သွားသည် ။ ဖုန်းဆက်မှသတိရပြီးအမြန်ထွက်လာရသည် ။တစ်ဖက်ကအသံကစိတ်ဆိုးနေတဲ့အသံဖြစ်နေမှန်းသူသိသည် ။ ကားပေါ်ကမဆင်းမှီချစ်ရသူအတွက်ခြယ့်ဆိုင်ကယူလာတဲ့ပန်းစည်းကိုလည်းယူဖို့မမေ့ ။

"ဆောရီး ကိုယ်နောက်ကျသွားတယ်အချစ်"

ဆိုင်ထဲကိုမပြေးရုံတမယ်လျှောက်လာသူကသူတိုဝိုင်းဆီတည့်တည့်မက်မက် ။ ခွန်းလက်ယာမည်သည့်Alexသူငယ်ချင်းက သူထင်တာမမှားရင်လက်ရဲဇက်ရဲနှင့်ပတ်သတ်မှုတစ်ခုရှိမည် ။ ထို့ပြင်သူကိုင်လာသောပန်းစည်းကိုပါ သူ့ရှေ့ကကောင်လေးကိုပေးလိုက်ခြင်း ။

"ရပါတယ် မိတ်ဆက်ပေးရဦးမယ် ဒါကကိုယ့်အမျိုးသားလက်ရဲဇက်ရဲတဲ့ မောင်ဒါကAlexရဲ့အမျိုးသမီး
ဘီလီတဲ့"

ကိုယ့်ဇောနဲ့ကိုယ်ဖြစ်နေသည်မို့အရှေ့ကနှစ်ယောက်ကိုသတိမထားမိ ၊ဒါပေမယ့်ကြားလိုက်ရတဲ့နာမည်ကြောင့်ကိုယ့်ရှေ့ကလူကို နှစ်ခါပြန်ကြည့်မိသည်။

တကယ်ကိုသူ့အချစ်ဦးဘီလီပါလား။

"Long time no see my honey"

ရုတ်တရတ်ထနှုတ်ဆက်တဲ့အသုံးအနှုန်းကအရင်ကသူခေါ်ခိုင်းထားသည့်အတိုင်း ။

"ဘီလီ တကယ်ကိုမင်းပဲ"

"မောင်တို့ကသိနေကြတာလား"

"ဟုတ်တယ် ကိုယ်အမေရိကန်မှာတုန်းကခင်ခဲ့တာ"

သူဘီလီ့ကိစ္စတွေလက်ယာကိုမပြောခဲ့တာက အလကားစိတ်ရှုပ်ခံရမှာဆိုးလို့ပင် ။ အခုတော့ပြောသင့်ပြီထင်တယ် ၊သက်သက်မဲ့ပြသာနာမတတ်ချင်ပါ။

"အော် ဘီလီပြောဖူးတဲ့ဘီလီ့ဟန်နီလေးဆိုတာသူလား"

ပတ်သီးအဖြူ ခေါင်းမှာနေရာယူထားပြီး နှုတ်ခမ်းအညိုနဲ့လူကဘီလီရဲ့အမျိုးသားတဲ့လား ။သူမနေ့ကထိုးတာနည်းသွားတယ်ပြောရမယ် ။

"မင်းငါ့ကိုမကျေနပ်ချက်တွေပေါင်းပြီးထိုးသလားကွာ
ဘယ်အချိန်တည်းကငြိုးထားလဲ"

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now