Ep_4

15.3K 1.2K 27
                                    


"ငါ့အနားမှာပဲနေနော်"

ညကများပြီးမထနိုင်ဖြစ်နေတဲ့လူကိုခြောက်နာရီပြင်ဆင်ထားဆိုတဲ့အမိန့်နှင့် အိမ်ရောက်ချလာသူကအိပ်နေတဲ့သူ့ကိုအခန်းထဲထိဝင်နှိုးပြီး ပါတီကိုပါတနာအဖြစ်ရအောင်ခေါ်လာသည် ။ဝင်လာထဲကစူးစမ်းကြည့်နေတဲ့အကြည့်တွေ့ကို မျက်လုံးသေဖြင့်သာပြန်ကြည့်မိသည်။ ကိုယ်ချောမှန်းသိပေမယ့် ကိုယ့်ဘေးမှာဟိုလူကပါနေသေးသည်။ အသားဖြူ ဖြူ suitနက်ပြာနှင့်လူကတရုတ်မင်းသားတွေလို ပိန်ပိန်ရှည်ရှည်မျိုးဖြစ်သည်။ သူပြောသလိုအနားမှာနေဆိုတာကြောင့် တမင်သတ်သတ်ကပ်နေလိုက်သည်။

"မသွားချင်ဘူး"

ဦးတည်ရာကအဘိုးကြီးတွေစုဝေးရာမို့ သူအလျင်အမြန်ငြင်းမိသည် ။ဟိုလူကအလုပ်အကြောင်းပြောလည်းသူကနားလည်မှာမဟုတ် ၊ခက်သည် ။

"အိပ်ချင်နေတုန်းလား"

"အိပ်ချင်တာပေါ့"

"မင်းကိုပါတနာအဖြစ်ခေါ်လာတာကို ပါတနာကသွားအိပ်နေရင်ဘယ်အဆင်ပြေပါ့မလဲ"

သူပြောတော့အဖြူ ရောင်suitနှင့်ကောင်လေးက
မျက်မှောင်ကျုံ့ပြီးတစ်ခုခုကိုတွေးပြန်သည် ။ ပြီးတော့
မျက်နှာတည်ကြီးနှင့် သူ့ပုခုံးကိုဆွဲဖက်ပြီးခပ်တည်တည်ပင်ဦးထက်မြတ်အောင်တို့ဝိုင်းဆီ တွဲခေါ်သွားသည်။

"အော် ခွန်း ခွန်းကကောင်လေးကိုပွဲထုတ်နေတာပေါ့ဟုတ်လား"

"ဒါပေါ့ဗျာ ဒီတစ်ယောက်ပဲရှိတာကို"

သူ့စကားအဆုံးပုခုံးကိုဖက်ထားသည့်လက်တွေပိုတင်းကြပ်သွားသည်ကိုခံစားမိသည် ။စူးစမ်းမျက်လုံးတွေကြားဒီကောင်လေးနေရခက်နေသည်ထင်၏။

"ဒါနဲ့မောင်ရင်က"

"လက်ရဲဇက်ရဲ"

စိတ်မကြည်တဲ့ကောင်လေးကစကားကိုလည်း ကောင်းကောင်းမပြောပေ ။သူ့အတွက်ထိခိုက်စရာမရှိပေမယ့်ဦးရဲသီဟမျက်နှာကရှိသေးသည်။

"နာမည်ကအဆန်းပဲကွ ဘာအလုပ်လုပ်တာလဲ​မောင်ရင်"

"ဒါက!"

ဝင်ပြောမည့်သူ့ပုခုံးကိုနှစ်ချက်မျှပုတ်လို့ သူဖြေမည်ဆိုသည့်သဘောပြုသည် ။ အလိုက်တသိငြိမ်နေလိုက်တော့

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now