"ပြောလေ အဲ့ဒါဘာလုပ်နေကြတာလဲ""ဖက်နေတာလေ"
"ခွမ်း! ဘာလို့ဖက်တာလဲမေးနေတာလေ"
"မောင် မဆိုင်တာမရမ်းနဲ့"
ဘာမှမဆိုင်တဲ့အလုပ်ခန်းထဲကပန်းအိုးကိုခွဲချပြီး ပြသာနာရှာနေတဲ့မောင် ၊မောင့်နောက်မှာလည်းဖေကြီးရဲ့ဒေါက်တာဖြစ်တဲ့ မောင့်သူငယ်ချင်း။
"ခန့်ကသူသဘောကျတဲ့လူနဲ့အဆင်ပြေတယ်ဆိုလို့ငါဖက်မိသွားတာ"
"အဲ့လောက်ဝမ်းသာစရာကောင်းလို့လား"
ဒီလိုရစ်ပုံမျိုးနဲ့ဆိုကြာတော့မှာ ၊ဒေါက်တာကိုလည်းအားနာသလို ခန့်ကိုလည်းသူအားနာပါသည်။ဘယ်လောက်ပဲခင်တယ်ပြောပြော မောင်နဲ့ယှဉ်ရင်သူစိမ်းတွေဘဲမဟုတ်လား ။
"ခန့်ပြန်တော့လေ"
"ဟုတ် အကိုခန့်သွားတော့မယ်"
အခြေအနေကိုနားလည်ဟန်ရှိတဲ့ခန့်က အလိုက်သိထွက်သွားတော့ ဒေါက်တာကပါအနောက်ကလိုက်သွားတော့သည် ။မဟုတ်မှလွဲ ခန့်သဘောကျတဲ့ဒေါက်တာကမောင့်သူငယ်ချင်းဒေါက်တာဂျိုးဇက်လား။
"မောင် ဒေါက်တာဂျိုးဇက်ကဂေးလား"
"အမ် စကားလမ်းကြောင်းမလွဲနဲ့ လက်ယာ"
"ဟင်"
သူနားကြားများလွဲသွားသလား ၊မောင်ကသူ့ကိုလက်ယာလို့ခေါ်လိုက်သည် ။
"ဘာလဲ မကြိုက်လို့လား"
"မဟုတ် ကြိုက်ပါတယ် အဲ့လိုပဲခေါ်"
အခုထိအခန်းဝမှာရပ်နေသူရဲ့ခေါင်းပေါ်တင်နေတဲ့အမှုန်ကသူ့မျက်စိထဲ ကိုးလို့ကန့်လန့်၊ ကြည့်ကောင်းပြီးပြည့်စုံနေတဲ့သူ့အမျိုးသားလေးကိုယ်ပေါ်က ဖုန်မှုန့်တစ်စကိုပါသူသဝန်တိုပါသည် ။
"မလာနဲ့ မောင်လာမယ်"
အခုထိအခန်းဝမှာရပ်နေသောမောင့်အနားသွားတော့
ဟန့်တားသံနှင့်အတူ ဖန်ကွဲစတွေကိုကျော်ပြီးသူ့အနားလျှောက်လာသူ ။အနားရောက်လာသူခေါင်းပေါ်ကဖှုန်မှုန့်ကိုဖယ်ချပြီး အချိုသာဆုံးပြုံးပြလိုက်သည်။"စိတ်ဆိုးပြေသွားပြီလား"
"နည်းနည်း ဒါပေမယ့်ခုနကဟာထပ်ပေါင်းတော့
စိတ်ဆိုးမပြေတော့ဘူး"
YOU ARE READING
မောင့်လက်ယာ(မောင့်လက်ယာ){completed}
Randomstory description>>>>> start-5/10/2021 end-1/1/2022