Ep-14

12.8K 1.1K 29
                                    


"ရဲ"

ဆွဲဆောင်မှုရှိသောမိန်းကလေးတစ်ယောက်ရဲ့အသံကပွဲကိုအခုမှရောက်တဲ့ သူတို့နှစ်ယောက်နားကထွက်လာခြင်း ၊ Dressအဖြူ ကိုပေါင်လယ်ထိခွဲထားပြီး
အခြားသူတွေထက်ချောမောနေတဲ့ မိန်းကလေးရဲ့ဦးတည်လာရာကသူတို့ဆီကို တည့်တည့်မတ်မတ် ။
အထူးသဖြင့်သူ့ဘေးနားကလူသားဆီလာတာဆိုပိုမှန်လောက်မည် ။

"ဟန်နီ နင်လည်းလာတယ်ပေါ့"

"နင်ကမနက်ဖြန်ဂျပန်သွားရဦးမှာမဟုတ်ဘူးလား
ဘယ်လို့လုပ်"

"အင်း ကိုကို့ကိုစိတ်မချလို့"

"မောင် စကား​ပြောနှင့် ငါသွားနှုတ်ဆက်ဦးမယ်"

တတိယလူဖြစ်မယ့်စကားဝိုင်းထဲသူမဝင်ချင်သလို
မိန်းကလေးတစ်ယောက်နဲ့ဟီလာထနေမယ့် မောင့်ကိုလည်းမမြင်ချင် ။ငါကအတ္တကြီးတယ်မောင်ရဲ့ ၊မင်းမို့လို့သာလွတ်လပ်မှုတွေပေးထားရတာ ။

"မောင်ခွန်းလက်ယာ လာတယ်ပေါ့ အမျိုးသားရော"

"ဟိုဘက်မှာပါ Congratulationပါအန်ကယ်"

"ကျေးဇူးပါဗျာ ဒီလိုအောင်မြင်တာဦးလက်ယာအောင်ရဲ့ကျေးဇူးတွေအများကြီးပါပါတယ်မောင်ရင်"

"နောက်လည်းတစ်လှေထဲစီးရမယ့်လူတွေပဲကို ဒါတွေမလိုဘူးထင်ပါတယ်ဗျာ"

သု့အရှေ့ကသူ့ဖေကြီးအရွယ်လောက်ရှိတဲ့အမျိုးသားကြီးကစီးပွားရေးလောကမှာ တွေ့ဖို့ပင်အလွန်ရှားအောင်ရိုးသားသူဖြစ်တာမို့ အခြားသူတွေထက်ပိုအဆင်ပြေပြေဆက်ဆံပေးသည် ။ သူတို့လုပ်ငန်းအဆင်မပြေခင်တုန်းက ဖခင်နဲ့အတူပြန်ရပ်တည်လာတာအခုလိုဆောက်လုပ်ရေးလုပ်ငန်းကြီး လုပ်နိုင်သည်အထိပဲ ။

"ဒါကဦးသား ဝေမင်းခန့်တဲ့ သားလည်းနိုင်ငံခြားကပြန်ရောက်တာမကြာသေးလို့ သားကဖေးမပြီးသင်ပြပေးရင်ကောင်းမှာပဲ"

"အချိန်မရွေးပါပဲ ဝေမင်းခန့်ကလည်းစီးပွားရေးစိတ်ဝင်စားမယ်ဆိုရင် အကို့ဆီနားမလည်တာလာမေးလို့ရပါတယ်"

"ဟုတ် အကို ကျွန်တော့်ကိုခန့်လို့ပဲခေါ်ပါ"

"ဟုတ်ပါပြီ"

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now