"လက်ရဲဇက်ရဲ သွားမယ်"
သူပြောမှဖုန်းကိုသူ့ဘေးနားကeco bagထဲထည့်
ပြီးအိတ်ကိုကောက်ဆွဲလာသူက အဖြူ ရောင်အကျီင်္နဲ့အိမ်နေရင်းဘောင်းဘီကို ဝတ်ထားကာလူပျိုလူလွတ်တစ်ယောက်လို ပြင်ဆင်ထားတာဖြစ်သည်။"ဧည့်ခန်းကြီးမှာခင်ဗျားဘာလုပ်တာတုန်း"
သူကြတော့ဘောင်းဘီတိုနဲ့လူပျိုစတိုင်ထုတ်နေပြီး ကိုယ်ကဈေးသွားမှာမို့အိမ်နေရင်းအတိုင်း ပုဆိုးသာဝတ်လာတာ ၊မသိရင်ကိုယ်ကပဲအသက်အရမ်းကြီးနေသလိုဖြစ်နေတာမို့ ပုဆိုးကိုဆွဲချွတ်လိုက်တာကိုသူကကြည့်ပြီးအော်နေတာဖြစ်သည်။
"ဘာမှမဖြစ်ဘူး မမြင်ဖူးတာလည်းမဟုတ်ဘဲနဲ့"
သူကဘဲရှက်ရတယ်ရှိသေး ၊ဒီိအိမ်မှာသူတို့နှစ်ယောက်တည်းရှိတာ နှစ်ယောက်လုံးကအချင်းချင်းမမြင်ဖူးတဲ့သူတွေလည်းမဟုတ်။
"သွားမယ်"
အချိန်ကရှစ်နာရီလောက်ပဲရှိသေးပေမယ့် ညထဲကရွာတဲ့မိုးကအခုထိ မကျေနပ်သေးပုံကြောင့်ကောင်းကင်တစ်ခွင်မှောင်မဲလာပြန်သည် ။အခုမှအိမ်ကစထွက်တာမို့ဈေးရောက်ဖို့ကလည်းတော်တော်လိုဦးမှာ ၊ဒီနေ့မှဘုရားပန်းလည်းဝယ်ရမှာမို့ အိမ်နဲ့လှန်းတဲ့ဈေးကိုရွေးလိုက်ခြင်းသာဖြစ်သည်။ မိုးပေါက်များတဖြည်း
ဖြည်းကျလာရင်း မိုးကလည်းပိုသည်းလာသည်။မိုးရွာရင်ကားမမောင်းတတ်သူမို့ အတော်စိတ်ထိန်း
ပြီးမောင်းနေရတာဖြစ်သည် ။မိုးသည်းလာလေအရှေ့ကိုမြင်ဖို့ဝါးသွားလေဖြစ်နေသည်မို့ သူကားကိုလမ်းဘေးတစ်ခုမှာရပ်ချလိုက်တော့သည်။"ဘာဖြစ်တာလဲ"
"မိုးသည်းနေလို့ကားမောင်းဖို့အဆင်မပြေဘူး
ခဏနေမှသွားမယ်""ခင်ဗျားတမင်သတ်သတ်အချိန်ဆွဲနေတာလား"
မနက်တည်းကသူသွားစရာရှိတယ်လို့ပြောထားတာမို့
ဈေးကိုတောင်စောစောထွက်လာတာကို လူကိုအပြစ်ပြောသေးသည် ။"ကျစ် ခင်ဗျားကအမြဲကျွန်တော့်ကိုဆိုဒုက္ခတွေပေးနေတာပဲ "
"မဟုတ်"
YOU ARE READING
မောင့်လက်ယာ(မောင့်လက်ယာ){completed}
Randomstory description>>>>> start-5/10/2021 end-1/1/2022