"သားတို့အဆင်ပြေကြတယ်မလား""ပြေပါတယ် ဖေကြီး"
"မင်းယောကျာ်းကတော့ကြာလေပိုအမြင်ကပ်ဖို့ကောင်းလေပဲ"
ဖေကြီးစကားကြောင့်သူအသံထွက်ရယ်မိသည် ။
နှစ်ယောက်လုံးဖေကြီးအိမ်မှာပဲထမင်းစားပြီး အချိုတည်းမယ့်အချိန် သူကိုယ်တိုင်အချိုပွဲယူလာမယ်ဆိုတဲ့လက်ရဲဇက်ကြောင့်သားအဖနှစ်ယောက် ဝရန်တာမှာစကားပြောနေကြတာဖြစ်သည် ။အချိုပွဲကတော့အခုထိမရောက်သေး အချိန်ကညနေစောင်းတော့မည်။"အချိုပွဲရပါပြီ"
သူ့အကြောင်းပြောတုန်းရောက်လာသူက အသက်ရှည်နေတော့မည် ။ လက်ထဲမှာမုန့်ဗန်းသယ်ပြီးပြေးလာသူကြောင့် သူရောဖေကြီးပါခပ်လန့်လန့်၊ လက်ရဲဇက်ရဲကသူ့ရှေ့မှာသာတည်ငြိမ်သာ ဖေကြီးရှေ့ဆို
ကလေးလေးလိုနေတဲ့ကောင်။"အဖေ့အတွက် ဒါကအချစ်အတွက်"
"ဖြီး...အဟွတ်..အဟွတ်.."
လက်ရဲဇက်ရဲပြောလိုက်တဲ့စကားကြောင့် အအေးသောက်နေတဲ့ဖေကြီးခမျာ သီးသွားပုံရသည်။ သူကလည်းတစ်ရုှးတွေယူပြီးဖေကြီးရဲ့ ပါးတွေကိုပါလိုက်သုတ်ပေးနေတာမို့ ဖေကြီးကလည်းဒေါသထွက်ထွက်နဲ့သူ့ခေါင်းကိုခေါက်ပစ်လိုက်သည် ။သူဒီနှစ်ယောက်ကြားဘယ်လိုနေရမှန်းပင်မသိ ။
"အဖေကလည်း နာတယ္ဗ်"
"နာအောင်ခေါက်တာနာမှာပေါ့"
"လူကြီးဆိုပြီးသက်သက်အနိုင်ကျင့်တာ"
"ငါနော် ဘယ်လိုကောင်မျိုးကိုသမက်တော်ထားမိလဲမသိဘူး"
"လက်ရဲဇက်ရဲကိုလေ"
"တောက်စ် ဒီကောင်"
ဖေကြီးကိုမထိတထိစပြီး အောက်ဆင်းပြေးသွားသူကခြံထဲကနေ ဝရန်တာကဖေကြီးကိုလှမ်းစနေသေးသည် ။ဒီနေ့လက်ရဲဇက်ရဲတစ်ယောက်တော်တော်ပျော်နေပုံရသည် ။သူ့ရှေ့ကဖေကြီးမှာလည်းခေါင်းတစ်ခါခါနဲ့ဖြစ်နေသည် ။
"ငါမင်းယောကျာ်းကိုဘာလုပ်မိမလဲမသိဘူးကွာ
မျက်စိကိုနောက်တယ်""သူကဖေကြီးနဲ့မို့အဲ့လိုနေတာပါ အန်ကယ်နဲ့ဆိုစကားသိပ်ပြောတာမဟုတ်ဘူး"
YOU ARE READING
မောင့်လက်ယာ(မောင့်လက်ယာ){completed}
Randomstory description>>>>> start-5/10/2021 end-1/1/2022