Chapter - 1

27.7K 877 19
                                    

SUGAR DADDY 🌻

Chapter - 1

"ကျွန်တော့ကိုယူပါ"

ရှောင်းကျန့်ထိုင်နေတဲ့စားပွဲကိုဝင်ထိုင်းပြီး ရှောင်းကျန့်သောက်နေတဲ့အရက်ခွက်ကို ခွင့်မတောင်းပဲယူသောက်ကာ ကျွန်တော့ကိုယူပါလို့ ဂျစ်ကန်ကန်လာပြောနေတဲ့ ချာတိတ်လေးကိုရှောင်းကျန့်မျက်ခုံးလေးပင့်ကြည့်မိသည်..။ Gay Bar မလို့ ဒီလိုလာပြီးပြောတာမထူးဆန်းပေမယ့် ရှောင်းကျန့်လို့လူတစ်ယောက်အတွက်တော့ အနည်းငယ်အံ့သြသင့်စေတယ်။ ဘာလို့လည်းဆိုတော့ ရှောင်းကျန့်ဟာ gay တစ်ယောက်မဟုတ်ဘူး။ သူဒီဘားကိုရောက်နေရတာကလည်း သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားလို့။ ဒါပေမယ့်ရှောင်းကျန့်ဟာ စီးပွားရေးပေါင်းများစွာလုပ်နေတဲ့ လုပ်ငန်းရှင်ကြီးမလို့မျက်နှာကို အံ့သြသင့်ဟန်တစ်ချက်မှမပြပဲ ရှောင်းကျန့်ကိုလာကမ်းလှမ်းတဲ့ ဂျစ်ကန်ကန်ကောင်လေးမျက်နှာကို ပြုံးပြုံးလေးပြန်ကြည့်ကာ စကားပြန်ပြောလိုက်တယ်။

"မင်းကိုယူရင်ကိုယ်ပြန်ပေးရမယ့်အရာက"

"ပိုက်ဆံ"

ရှောင်းကျန့်မေးခွန်းမဆုံးခင်ပြန်ဖြေလာတဲ့ ဂျစ်ကန်ကန်ကောင်လေးစကားကို ရှောင်းကျန့်ခေါင်းလေးငြိမ့်ပြလိုက်မိသည်။ ဆေးကွဲနေတဲ့ချာတိတ်လေးနေမှာ။ ဒါပေမယ့်ကောင်လေးက ဂျစ်ကန်ကန်လေးပေမယ့် ရှင်းသန့်နေတဲ့ပုံစံလေးရှိတာကြောင့် ရှောင်းကျန့်လိုအဖြောင့်စစ်စစ်ကြီးတောင် အနည်းငယ်စိတ်ယိုင်မိသွားတယ်။ ချာတိတ်လေးက လှလွန်းတယ်လေ...။

"Okကိုယ်လက်ခံတယ်"

ယောကျာ်းလေးမတန်ပဲလှလွန်းတဲ့ကောင်လေးကို ရှောင်းကျန့်မငြင်နိုင်ပါဘူး။ ခေါင်းငြိမ့်လက်ခံလိုက်တယ်လေ။ အတွေ့ကြုံအသစ်ပေါ့။ စူးစမ်းတယ်လို့ပဲသဘောထားတယ်။ သိထားတက်ထားရင်လည်း အရှုံးမရှိပါဘူးလေ။

ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်သည်နှင့် ရှောင်းကျန့်ဘေးနားပြောင်းထိုင်လာတဲ့ချာတိတ်လေးဟာ ရှောင်းကျန့်ရင်ခွင်ထဲ သူ့ခန္ဓာကိုယ်လေးတိုးကာဝင်တယ်။ ရှောင်းကျန့်ကလည်းအလိုက်သင့် ကောင်လေးခါးလေးကိုပြန်ထွေးဖက်ထားရင်း.....

SUGAR DADDY ( Completed ) Where stories live. Discover now