Chapter - 14

5.9K 418 11
                                    

SUGAR DADDY 🌻

Chapter - 14

နာကျင်နေတဲ့ ခန္ဓာကိုယ်ကြောင့် လူကအိပ်ရာတာအဆင်မပြေဘူး။ လူးလိမ့်နေဖို့မပြောနဲ့ အနည်းငယ်လှုပ်ရှားနေရင်တောင် နာကျင်နေတာကြောင့် ဝမ်ရိပေါ်နိုးထလာရတဲ့ ဒီမနက်ခင်းကလုံးဝမသာယာပါ...။

မျက်လုံးများဖြေးဖြေးချင်းဖွင့်လို့ အိပ်ယာပေါ်ကထဖို့ကြိုးစားလိုက်လျှင် ကိုင်ရိုက်ထားသလို နာနေတဲ့ ခန္ဓာကိုယ်ကြောင့် နှုတ်ကငြီးသံတိုးတိုးထွက်မိသွားသည်။

" နိုးနေရင်ထ "

ထဖို့ကြိုးစားနေပါတယ်ဆိုမှ အမိန့်ပေးသလိုပြောလာတဲ့အသံကြောင့် ဝမိရိပေါ်ဒေါသထွက်ကာ အသံကြားရာလှည့်ကြည့်မိတော့ အပေါ်ပိုင်း အဝတ်ဗလာနဲ့ ခါးအောက်ပိုင်းမှာ ဘောင်းဘီရှည်တစ်ထည်ဝတ်ဆင်ထားပြီး ဆိုဖာပေါ်မှာ အေးအေးဆေးဆေးထိုင်ကာ ဝမ်ရိပေါ်ကိုကြည့်နေတဲ့ ရှောင်းကျန့်။

ဝမ်ရိပေါ်ရှောင်းကျန့်ကို စကားပင်ပြန်ပြောချင်စိတ်မရှိပဲ အိပ်ယာကအသာအယာထသည်။

ညကနွားအိုကြီးက ပေါင်ကျိုးအောင်ကို အသေဆော်တာ ။ ခံရတဲ့လူတောင်သေမတက်ပဲ ။ ဘယ်လောက်ထိပြင်းတန်လဲဆို လူတောင်နာကျင်မှုဒါဏ်မခံနိုင်တော့လို့ သတိမေ့သွားသည်အထိ။

ဝမ်ရိပေါ် အိပ်ယာကအသာထလို့ ကုတင်အောက်ကိုဆင်လိုက်ပေမယ့် ခြေထောက်တွေကတောင့်မခံနိုင်။ တုန်ခါနေတဲ့ခြေထောက်တွေက ထိန်းထားနိုင်ပါ့မလား။ ဒါပေမယ့်လည်း ထရပ်ပြီး ရေချိုခန်းရှိရာဖြေးညှင်စွာလျှောက်သွားဖို့ ဝမ်ရိပေါ်တွေးထားပြီးပြီ....။

" ဒယ်ဒီချီရမလား ဘေဘီ "

ခြေထောက်တွေကထောက်မရလို့ ဒေါသထွက်နေပါတယ်ဆိုမှ နောက်ဖက်ကကြားလိုက်ရတဲ့ ရှောင်းကျန့်အသံကြောင့် ဒေါသတွေသည် ရှောင်းကျန့်အပေါ်ကျရောက်သွားသည်။

" ခင်ဗျား စောက်ပါးစပ်ပိတ်ထား "

ဝမ်ရိပေါ်လှည့်အော်လိုက်တာကြောင့် မဲ့ပြုံးကြီးနဲ့ခေါင်းငြိမ့်ပြတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်စိတ်ရှိလက်ရှိ လက်သီးနဲ့သွားထိုးချင်နေသည်။

SUGAR DADDY ( Completed ) Where stories live. Discover now