Chapter - 21

6.3K 478 13
                                    

SUGAR DADDY 🌻

Chapter - 21

ကျောင်းကနေပြန်လာပြီး အိမ်ထဲဝင်လာသည်အထိ ရှောင်းကျန့်ကိုမတွေ့မိတာကြောင့် ဝမိရိပေါ်မျက်စိက မရည်ရွယ်ပဲ ရှာနေမိသည်။ ခါတိုင်းကျောင်းပြန်လာချိန်တွေဆို ဆိုဖာပေါ်ထျုင်ပြီး အလုပ်လုပ်နေတဲ့ ရှောင်းကျန့်ကိုရိပေါ်တွေ့နေကြမလား။ အခုဟာက မတွေတော့ ရှာမိယုံပါ...။

" အကိုလေး ပြန်လာပြီလား "

" ဟုတ်ကဲ့ "

အိမ်တော်ထိမ်းမေးခွန်းကို ခေါင်းလေးငြိမ့်ပြီးဖြေပြတော့ အိမ်တော်ထိန်းက ခေါင်းလေးငြိမ့်ကာ ပြုံးသည်။

" ဒီနေ့ သူဋ္ဌေးလေးက အိမ်ပြန်နောက်ကျပါမယ်တဲ့ "

" အော်..."

သိချင်နေတာကို မမေးလိုက်ရပဲ ဖြေပေးလာတဲ့ အိမိတော်ထိန်းစကားကြောင့်ရိပေါ် အိမ်တော်ထိန်းကို အမှတ်ပြည့်ပေးလိုက်ရသည်။ ဒါကြောင့် ရှောင်းအိမ်တော်ရဲ့ အိမ်တော်ထိန်းရာထူးရှိနေတာ။ အလိုက်သိချက်က မေးစရာမလိုအောင် မျက်လုံးလေးကြည့်တာနဲ့သိနေသည်လေ။

" ဟုတ်ပါတယ် အကိုလေး။ ပြီးတော့ သူဋ္ဌေးလေးက ပြောထားပါတယ် သူအိမ်ပြန်တာ နောက်ကျမှာမလို့ အကိုလေး သွားလည်ချင်တဲ့နေရာရှိရင် သွားပါတဲ့။ မိုးတော့အရမ်းမချုပ်စေပါနဲ့တဲ့ "

" သူက အဲ့လိုပြောသွားတာလား..."

" ဟုတ်ပါတယ် အကိုလေး။ ပြီးတော့ အကိုလေး ကဒ်ထဲမှာလည်း သုံးချင်ရာ သုံးရအောင် ငွေဖြည့်ထားပေးထားတယ်လို့ ပြောသွားပါတယ် "

ဝမ်ရိပေါ်ခေါင်းလေးငြိမ့်ပြလိုက်သည်။ ဒီလိုတော့လည်း ဘိုးတော်က တော်သားပဲ။ လိုအပ်သမျှ ဖြည့်စီးပေးနေတဲ့ sugar daddy တစ်ယောက်ရှိတာ အကောင်းသားလို့ ရိပေါ်တွေးလိုက်မိသည်။ ရိပေါ် အိမ်တော်ထိန်းကိုနှုတ်ဆက်ကာ အိမ်ပေါ်တက်လာခဲ့လိုက်သည်။ ပြီးမှ ရေမိုးချိုးပြီး သူငယ်ချင်းတွေနား ဖုန်းကောက်ဆက်သည်။ ကျောင်းတုန်းက ခင်ခဲ့တဲ့သူငယ်ချင်းတွေမလို့ ပြောမနာဆိုမနားကြပေမယ့် လုပ်ငန်းခွင် ကိုယ်စီဝင်နေကြတဲ့လူတွေမလို့ အချိန်တိုင်းမတွေ့ဖြစ်ကြ။ ဒီကြားထဲမှာ ရိပေါ်တစ်ယောက်တည်းသာ ကျောင်းမပြီးသေးတာ။ ရိပေါ်ချိန်းတော့ သူငယ်ချင်းတွေက ခေါင်းငြိမ့်လက်ခံသည်။ တွေ့နေကြဘားမှာ ဆုံကြဖို့ အားလုံးကိုချိန်းကာ ခဏကြာတော့ ရိပေါ်အိမ်တော်ထိန်းကို အပြင်သွားမည်ဖြစ်ကြောင်းပြောကာ ထွက်လာခဲ့လိုက်သည်။

SUGAR DADDY ( Completed ) Where stories live. Discover now