Chapter - 3

10.4K 692 11
                                    

SUGAR DADDY 🌻

Chapter -3

" ဘေဘီ"

ရှောင်းကျန့်ခေါ်သံကြောင့်လှည့်ကြည့်လာတဲ့ အလှလေးကလည်း ရှောင်းကျန့်ကိုမှတ်မိနေတယ်ထင်ပါရဲ့။ ခေါင်းလေးငြိမ့်ပြလာတယ်လေ။

" မတွေ့တာကြာပြီနော် ဘေဘီ"

" အင်း "

တွေ့စကထက်အနည်းငယ်ပိန်ကျနေတဲ့ ခန္ဓာကိုယ်လေးနဲ့ ခေါင်းငြိမ့်ပြနေတဲ့ အလှလေးကိုကြည့်ကာ ရှောင်းကျန့်မျက်မှောင်ကုတ်မိသည်။

"ဘေဘီနေမကောင်းဘူးလား"

စကားထက်မြန်တဲ့ရှောင်းကျန့်လက်တွေကတော့ အလှလေးနဖူးပေါ်အုပ်ကိုင်ထားမိသည်။

" အွန်းနည်းနည်း"

နဖူးပေါ်ရောက်နေတဲ့ရှောင်းကျန့်လက်ကိုဖယ်ချပြီး ခေါင်းလေးငြိမ့်ပြလာတဲ့အလှလေးကြောင့် ရှောင်းကျန့်စိတ်မှာ မသာမယာ။ အစက အလှလေးကိုတစ်ညတာခေါ်သွားဖို့ရည်ရွယ်ထားပေမယ့် နေမကောင်းတဲ့အလှလေးကို ရှောင်းကျန့်ဘယ်လိုအားအင်နဲ့ လိင်ကိစ္စပြုရပါ့မလဲ။

" ဒါနဲ့ ခင်ဗျားဘာလို့ကျွန်တော့ကိုခေါ်တာလည်း"

"အင်းအစက ဘေဘီ့ကိုတစ်ညတာခေါ်သွားမလို့ ဒါပေမယ့် ဘေဘီကနေမကောင်းဘူးဆိုတော့ ကိုယ်တို့ရိုးရိုးသားသားဒီအတိုင်းစကားပဲပြောမလား"

ရှောင်းကျန့်စကားကြောင့် မျက်မှောင်လေးကုတ်တဲ့အလှလေးဟာ ရှောင်းကျန့်မျက်နှာကိုသေချာစိုက်ကြည့်လာသည်။

" ကျွန်တော်က ခေါ်တိုင်းလိုက်တဲ့ကောင်မဟုတ်ဘူး တစ်ခါတစ်လေလိုအပ်မှ ကမ်းလှမ်းတဲ့ကောင်ပါ "

" အားsorry ကိုယ်စကားပြောမှားသွားတယ်ထင်တယ်။ ဒါပေမယ့် ဘာပဲပြောပြောကိုယ်တို့တွေ့နေပြီပဲ ဒါကြောင့် အေးအေးဆေးဆေးစကားပြောကြမလား..."

ရှောင်းကျန့်စကားကိုအတန်ကြာ စဉ်းစားဟန်ပြုတဲ့အလှလေး။ ပြီးမှဆုံးဖြတ်ချက်ချလိုက်ဟန်နဲ့ ခေါင်းလေးငြိမ့်ပြလာသည်။

" အင်း စကားပြောကြတာပေါ့။ ကျွန်တော်က ခေါင်းသိပ်မကြည်တော့ ဒီဘားမှာတော့မဖြစ်ဘူး ဒါကြောင့်အေးအေးဆေးဆေးစကားပြောလို့ကောင်းမယ့်နေရာ သွားကြမလား..."

SUGAR DADDY ( Completed ) Where stories live. Discover now