Chapter - 18

6K 423 10
                                    

SUGAR DADDY 🌻

Chapter - 18

အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲမလို့ စည်ကားလွန်းလှပါသည်။ ကပ်ဖားချင်လို့ သူ့ထက်အပြိုင် လက်ဖွဲ့ကြတဲ့ ငွေသားတွေဟာ လက်ဆောင်ခုံပေါ်မှာ အပုံလိုက်။ တန်ဖိုးကြီး လက်ဝတ်ရတနာများအပြင် တိုက်တာ ဇိမ်ခံပစ္စည်းများပါမကျန် လက်ဖွဲ့ကြသည်။

ရှောင်းကျန့်သည် ဖိတ်ကြားထားတဲ့ လုပ်ငန်းရှင်များကို အပြုံးလေးနဲ့ လိုက်နှုတ်ဆက်သည်။ ကိုယ့်ပွဲကိုလာတဲ့လူတွေမလို့ ကိုယ်က ဧည့်ဝတ်ကျေရသည်ပေါ့။ ဖိတ်ကြားထားသည့်လူတိုင်းကလည်း ပွဲတက်ကြသည်။ အကြောင်းရင်းက ရှောင်းကျန့်ကိုတွေ့ချင်လို့။ ပုံမှန်ဆို ဒီအတိုင်းတွေ့ဖို့မလွယ်တာကြောင့် မင်္ဂလာပွဲကိုအကြောင်းပြုပြီး နှုတ်ဆက်ကာ ရှောင်းကျန့်ရဲ့ကိုယ်ပိုင် ဖုန်းနံပါတ်ကိုတောင်းယူကြသည်။

ရှောင်းကျန့်ဆိုသည်က အသက်သိပ်မကြီးသေးပေမယ့် အမြဲ Top ပြေးနေတဲ့ လုပ်ငန်းစုရဲ့ သူဋ္ဌေးကြီးမလား။ ဒါကြောင့် ရှောင်းကျန့်နဲ့ တွဲလုပ်ချင်ကြတဲ့ လူတွေက အပြိုင်အဆိုင်..။ အချို့လုပ်ငန်းရှင်တွေဟာ ရှောင်းကျန့်ကို သမက်ဖမ်းဖို့ကြိုးစားခဲ့ကြပေမယ့် ရှောင်းကျန့်ဟာ အပြုံးလေးနဲ့ခေါင်းခါသည်။ ယခုတော့ သက်ဆိုင်သူ သတင်းလေးတောင်မတက်လာပဲ ရုတ်တရက်ကြီး ထလုပ်လာတဲ့ မင်္ဂလာပွဲ။ ပြီးတော့ မျိုးတူအမျိုးသားတစ်ယောက်နဲ့။ ထိုအမျိုးသားဟာလည်း ဝမ်လုပ်ငန်းစုကတဲ့။ ဝမ်လုပ်ငန်းစုဟာ တစ်ချိန်တစ်ခါက အောင်မြင်ခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုဖြစ်ပေမယ့် အသစ်အသစ်တွေများစွာ ပေါ်ပေါက်လာသည့်အခါမှာ အောင်မြင်မှုတွေသည် မှေးမှိန်သွားခဲ့ရသည်။ ယခုတော့ ဖျက်သိမ်းရလုနီးပါး...။ ဒါပေမယ့် ဝမ်လုပ်ငန်းစုဟာ ဖျက်သိမ်းခွင့်မရှိပဲ ပြန်ထောင်တက်လာမယ့် လုပ်ငန်းစုတစ်ခုဆိုတာ လူတွေယုံကြည်ထားကြသည်။ သမက်ဖြစ်လာသည့်ရှောင်းကျန့်က လက်ညိုးညွန်ရာ ငွေဖြစ်စေတဲ့ နတ်ဘုရားမလား...။

ရှောင်းကျန့် ဧည့်သည်တွေကို နှုတ်ဆက်ရင်း လက်ကနာရီတစ်ချက်ကြည့်တော့ နီးကပ်လာသည့်အချိန်ကြောင့် ပြုံးလိုက်မိသည်။ များမကြာမှီ ရှောင်းကျန့်တွေးထားသည့်အတိုင်း စင်မြင့်လေးပေါ်က ကြော်ငြာသံကြည်ကြည်လေးက များမကြာခင်မှာ မင်္ဂလာသတိုးသားလေး ရောက်ရှိလာပါတော့မယ်တဲ့။

SUGAR DADDY ( Completed ) Where stories live. Discover now