Chapter - 19

6K 429 9
                                    

SUGAR DADDY 🌻

Chapter - 19

ရှောင်းကျန့်အထက်တန်းအောင်တော့ ပါပါးနဲ့ညစာစားပွဲတစ်ခုကိုလိုက်သွားခဲ့ရသည်။ လုပ်ငန်းရှင်များနဲ့ မိတ်ဆုံစားပွဲ။ ထိုပွဲမှာ ရှောင်းကျန့်ငြိမ်နေသလောက် ရှောင်းကျန့်တို့ဝိုင်းမှာအတူလာထိုင်နေတဲ့ မူလတန်းပြီးကာစ ကလေးတစ်ယောက်သည် လာချသမျှမုန့်တွေကိုထိုင်စားနေသည်။ ထိုမျှမကထိုကလေးလေးသည် သူ့ပါပါးကိုပါ ဟိုမုန့်ယူပေးပါ ဒီမုန့်ယူပေးပါဆိုပြီး ခိုင်းစားနေသေးသည်။ ဒါကို ပါပါးကသေဘောကျစွာ မုန့်ယူပေးရင်း ကလေးလေးကိုမိတ်ဆက်စကားပြောတော့ ထို့ကလေးလေးက ဝမ်အုပ်စုကပါတဲ့။

ဖောင်းအိအိပါးလေးများကိုပို၍ဖောင်းကားအောင် မုန့်အကုန်ထည့်ကာ စားနေတဲ့ ထိုကလေးလေးသည် ရှောင်းကျန့်မျက်စိထဲ မဖိတ်ခေါ်ပဲ ဝင်ရောက်လာခဲ့သည်။

ထိုအချိန်က ဝမ်အုပ်စုဆိုတာ top ပြေးနေတဲ့ လုပ်ငန်းစုကြီးတစ်စု။ ရှောင်းပါပါးတို့လိုတည်ထောင်ကာစ လုပ်ငန်းစုလေးများက အားကိုးနေရတဲ့ အုပ်စုကြီးတစ်ခုမလို့ ထိုဝမ်အုပ်စုက ကလေးလေးကို တစ်ဝိုင်းလုံးက ဂရုစိုက်နေကြရသည်။

ဝမ်ပေါက်လေးညိုညှင်ရင် မိမိတို့လုပ်ငန်းတွေခေါင်းပြားမည်ဆိုးရသည်မလား။ အခွင့်အခါသင့်လို့ ဝမ်သူဋ္ဌေးကြီးရဲ့သားက မိမိတို့ဝိုင်းမှာ ဆရာလာလုပ်နေတာ။ ဒါကိုအခွင့်ကောင်ယူပြီး ဝမ်သူဋ္ဌေးကြီးရဲ့အကူအညီတွေယူကြရမည်လေ။ ထင်သည့်အတိုင်း အဲ့ပွဲမှာ ဝမ်သူဋ္ဌေးကြီးဟာ သူတို့လုပ်ငန်းတွေ အဆင်ပြေချောမွေ့ဖို့ ကောင်းကောင်းကြီးကူညီပေးသွားခဲ့သည်။ ထို့ကြောင့် ထောင်တက်လာတဲ့ ပါပါးရဲ့ ရှောင်းလုပ်ငန်းစုရဲ့ စီးပွားရေးအခြေအနေတွေ။ ဒါပေမယ့် ပါပါးဟာ သက်ဆိုးမရှည်ရှာပါဘူး။ မာမားနဲ့ အတူခရီးသွားရင်း မတော်တဆ accident ကြောင့် သေဆုံးသွားခဲ့ရသည်။ ထို့ကြောင့် အရွယ်မတိုင်ခင် ကျန်နေခဲ့ရတဲ့ ရှောင်းကျန့်တစ်ယောက်သာ ရှောင်းလုပ်ငန်းစုရဲ့ အားကိုးရာ....။

ရှောင်းကျန့်သည် ပါပါးမရှိတော့ပေမယ့် ပါပါးလုပ်ငန်းများကို လုံးဝမကျစေပဲ ပိုမိုကောင်းမွန်အောင် ကြိုးစားခဲ့သည်။ အကြောင်းပြချက်က ရိုးရှင်းပါသည်။ ညစာစားပွဲမှာ မုန့်တွေကိုသာ အာရုံထားနေတဲ့ ကလေးလေးတစ်ယောက်ကြောင့်။ ရှောင်းကျန့်စိတ်ကူထဲမှာရှိတဲ့ အကြောင်းပြချက်က အစားအသောက်သာ အာရုံထားနေတဲ့ ကလေးလေးရဲ့လိုအပ်ချက်တွေကို တစ်နေ့သူဖြည့်စီးပေးနိုင်ဖို့...။

SUGAR DADDY ( Completed ) Where stories live. Discover now