Chapter - 6

6.7K 508 10
                                    

SUGAR DADDY 🌻

Chapter - 6

" ကျိုးချန် "

"လိမ်ညာနေတာရှောင်းကျန့် ဝမ်ရိပေါ်ဆိုတဲ့အကောင်က မင်းကိုလိမ်ညာနေတာ"

အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေပေမယ့် အခြားတစ်ယောက်နဲ့ယှဉ်ပြီး ကျိုးချန်ကိုသံသယမျက်လုံးတွေနဲ့ကြည့်လာတဲ့ ရှောင်းကျန့်ကို ကျိုးချန်တစ်ကယ်အံ့သြမိပါသည်။

ဝမ်ရိပေါ်ကရှောင်းကျန့်နားကိုအကြံနဲ့ ကပ်လာခဲ့တာပါ။ ရိပေါ်သူငေယ်ချင်းသေတာ ကျိုးချန်ကြောင့်ဆိုပြီး ကျိုးချန်ဆိုတဲ့သူ့ကို ဂလဲ့စားချေချင်လို့ ကျိုးချန်ချစ်နေတဲ့သူငယ်ချင်း ရှောင်းကျန့်နားကိုအညိုးနဲ့ကပ်လာတာပါ။ ဒါကိုဝမ်ရိပေါ်ကကျိုးချန်ကိုဖွင့်ပြောလာတော့ ကျိုးချန်ကဝမ်ရိပေါ်ကိုတောင်းပန်မိသည်။ ရှောင်းကျန့်ကိုလွတ်ပေးဖို့။ ဒါပေမယ့် ဝမ်ရိပေါ်ဆိုတဲ့အကောင်က လျှာနှစ်ခွနဲ့မြွေဟောက်ကောင်။ ကျိုးချန်နဲ့ရှောင်းကျန့်ကြား စကားတစ်မျိုးစီပြောပြီး ရန်တိုပေးနေခဲ့သည်လေ။

" ငါမပြောခဲ့ဘူး ဝမ်ရိပေါ်ကို ငါမင်းနားကထွက်သွားပေးဖို့ငါမပြောခဲ့ဘူး။ လိမ်ညာနေတာ ဝမ်ရိပေါ်ကမင်းကိုလိမ်ညာနေတာ.."

" ဒါပေမယ့်ကျိုးချန် ဘေဘီက ငါ့ကိုညာမှာမဟုတ်ဘူး။ ငါ့ကိုညာလို့လည်း ဘေဘီ့အတွက်အကျိုးထူးသွားမှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ငါကဘေဘီလိုအပ်သမျှကို ပြောစရာမလိုအောင် အမ်းပေးနေလို့ပဲ။ ဒီကြားထဲ ငါsmallဆွဲတဲ့ကိစ္စနဲ့ပါတ်သတ်ပြီး မင်းဘေဘီ့ကိုမမြင်ဖူးကတည်းက အမြင်မကြည်တာငါသိထားတယ်။ ဒါကြောင့်မင်းဘောဘီနဲ့တွေ့တွေ့ချင်းနေမှာ ဘေဘီ့ကိုငါ့အနားကထွက်သွားဖို့ပြောခဲ့တာမလား.."

" ရှောင်းကျန့် မဟုတ်ဘူးလို့ "

" ဒါငါမင်းကိုနောက်ဆုံးအကြိမ်နဲ့သတိပေးချင်းပဲ ကျိုးချန်။မင်းငါနဲ့ဘေဘီ့ကြားထဲကဆက်ဆံရေးထဲ ဝင်ပါလာစရာမလိုဘူး.."

" ရှောင်းကျန့် "!

" ငါမင်းကို ခင်မင်တာမပျက်ချင်ဘူးကျိုးချန် "

" မဟုတ်ဘူး ငါမပြောဘူးလို့ပြော​နေတယ်လေ... "

" အဲ့ဒါဆိုလည်း ဘေဘီ့ကိုမင်းအဲ့လိုမပြောမိအောင် ငါသတိပေးတယ်လို့မှတ်ထားလိုက်ပါကျိုးချန်... "

SUGAR DADDY ( Completed ) Where stories live. Discover now