Chapter - 8

5.9K 426 4
                                    

SUGAR DADDY 🌻

Chapter - 8

" ဟိုင်း ဒယ်ဒီ "

အိပ်ယာထစ ချစ်စဖွယ်ပုံရိပ်လေးနဲ့ နှုတ်ဆက်လာတဲ့ ရိပေါ်ပုံစံလေးက ရှောင်းကျန့်ရင်ထဲက အကောင်ပေါက်လေးကို ဒိုင်းကနဲတုန်လှုပ်စေသည်။

" ဟိုင်း ဘေဘီ "

" ဒယ်ဒီ အခုဘယ်ရောက်နေတာလည်း "

မှောင်ရိပ်ကျနေတဲ့ရှောင်းကျန့်ရှိနေတဲ့နေရာလေးကိုတစ်ချက်ကြည့်ကာ မေးလာတဲ့ရိပေါ်ကို ရှောင်းကျန့်ကလည်း ညာစရာအကြောင်းမရှိ။

" ဒယ်ဒီ ဘားရောက်နေတာ ဘေဘီ "

" ဘယ်သူနဲ့လည်း.."

" ကျိုးချန်နဲ့ "

" အော်.."

အနည်းငယ်မျက်နှာလေးမဲ့သွားတဲ့ ရိပေါ်ပုံစံလေးကြောင့် ရှောင်းကျန့်သဘောကျစွာရယ်လိုက်မိသည်။

" စိတ်ကောက်တာလား ဘေဘီ "

" No.စိတ်မကောင်းဖြစ်တာ ။ ဒယ်ဒီပြောတော့ မနက်ဖန် meeting ရှိလို့ ဒီည ကျွန်တော်နဲ့မတွေ့နိုင်ဘူးဆို ။ ဒါကိုဘာလို့ ဘားရောက်နေတာလည်းလို့။ ကျွန်တော့က ဒယ်ဒီ့အတွက် အရေးမပါတာလား။ ဒယ်ဒီသူငယ်ချင်းလောက် အဖြစ်မရှိတာလား ပြော..ပြော ဒယ်ဒီပြော "

ရားးးဘေဘီရာ ဘယ်လိုပုံစံလေးနဲ့လာပြောနေရတာလည်း။ လွမ်းနေတဲ့စိတ်တွေနဲ့ ပြေးသွားတွေချင်ပါတယ်ဆိုမှ ကျိုးချန်ချိန်းတဲ့ဘားကိုရောက်နေတယ်လို့ပြောတော့ စိတ်ကောက်ဟန်းလေးနဲ့ပြောလာတဲ့ဘေဘီ့ကိုကြည့်ကာ ရှောင်းကျန့်စိတ်တွေခုန်လာရတယ်။

" ဘေဘီ "!

" သိပါတယ် သိပါတယ် ကျွန်တော်က ဒယ်ဒီ့အတွက် ဒယ်ဒီ့သူငယ်ချင်းလောက် အရေးမပါဘူးဆိုတာ "

စိတ်မကောင်းဟန်နဲ့ မျက်နှာလေးငုံ့ချကာပြောလာတဲ့ ရိပေါ်ကိုကြည့်ကာ ရှောင်းကျန့်မနေတက်တော့။

" မဟုတ်ဘူး ဘေဘီ "

" ကျွန်တော်က ဒယ်ဒီ့အတွက် ဒယ်ဒီ့သူငယ်ချင်းလောက် အရေးမပါဘူးဆိုတာ ကျွန်တော်သိပါတယ်..."

" မဟုတ်ဘူး ဘေဘီ ...။ ဘေဘီအခုဘယ်မှာလည်း ဒယ်ဒီခုချက်ချင်းလာတွေ့မယ်...."

SUGAR DADDY ( Completed ) Where stories live. Discover now