Chapter - 23

7.1K 468 9
                                    

SUGAR DADDY 🌻

Chapter - 23

ဒီရက်ပိုင်း ဝမ်ရိပေါ်နားမကပ်တဲ့ရှောင်းကျန့်ကို ရိပေါ်လိုက်ချောင်းနေရသည်။ ခုနောက်ပိုင်း ရှောင်းကျန့်ဟာ ခြေလှမ်းတွေသိပ်မမှန်ဘူး။ ရိပေါ်လိုတာ ဖြည့်စီးပေးနေပေမယ့် ရိပေါ်ကို အာရုံသိပ်မထားတဲ့ရှောင်းကျန့်ကို ရိပေါ်တစ်ကယ်မကြည်ပါ။ ကြာတော့များ ရိုးသွားတာလား။ ခါတိုင်း ဘေဘီလေး ဘေဘေလေးခေါ်နေတဲ့ရှောင်းကျန့်ဟာ အခုရိပေါ်ကို ပြုံးပြခေါင်းငြိမ့်တယ်ဆိုယုံမျှ။ ဒါကြောင့် ရိပေါ်ရင်ထဲက ပြောမပြနိုင်တဲ့ ခံစားမှုလေးတွေပေါက်ဖွားလာရသည်။

ဘဲကြီးက ရိပေါ်ကိုများမချစ်တော့တာလား။ ထိုအတွေးလေးတွေးလိုက်မိတာနဲ့ ရင်ဘက်ထဲက ဆစ်ကနည်း နာကျင်သွားတာကြောင့် ရိပေါ်ရင်ဘက်လေးအသာဖိပြီး ငြိမ်နေမိသည်။ ထိုအတွေးလေးကြောင့် မဖိတ်ခေါ်ပဲ ရောက်လာတဲ့ မျက်ဝန်းအိမ်က မျက်ရည်စတွေကို ဖာသိဖာသာဖယ်ခွာရင်း ခေါင်းကိုမော့ အံကိုကျိတ်မိသည်။

ရိပေါ်က gay မဟုတ်ဘူး။ သူငယ်ချင်းအတွက် ဂလဲ့စားချေချင်လို့ ရှောင်းကျန့်နားကပ်ခဲ့တာ။ ရိပေည်သူငယ်ချင်းလေးမသေခင် နောက်ဆုံး ဖုန်းပြောတဲ့ညက သူငယ်ချင်းလေးသည် အရမ်းငိုနေခဲ့ပါသည်။ ရိပေါ်အားပေးစကားပြောပေမယ့် ခေါင်းလေးခါတဲ့သူင်ါချင်းဟာ သူ လောကကြီးကို စိတ်ကုန်သွားကြောင်း အရှုံးပေးပြီးထွက်သွားတော့မည်ဆိုတဲ့အကြောင်း ဒါကြောင့် ရိပေါ်ဟာ ခဏအားတင်းထားပါ ငါပြန်လာခဲ့မယ်ဆိုပြီး အားပေးစကားပြောခဲ့ပေမယ့် သူငယ်ချင်းလေးဟာ ရိပေါ်ပြန်လာတာကို စောင့်မသွားခဲ့ဘူး။ လောကကြီးကို အရှုံးပေးပြီး ထွက်ပြေးသွားခဲ့သည်။ ဒါကြောင့် ရိပေါ် နာရေးဖြစ်နေတဲ့ သူငယ်ချင်းအိမ်သွားပြီး သူငယ်ချင်းမိဘ​တွေကို အားပေးစကားပြောကြားခဲ့သည်။

သူငယ်ချင်းမိဘများကလည်း ရိပေါ်ဟာ အချစ်ဆုံးသူငယ်ချင်းဆိုတာ သိထားတော့ သားဖြစ်သူအခန်းထဲဝင်ပြီး သားဖြစ်သူ နောက်ဆုံးထားခဲ့သမျှ အရာအားလုံးကို ကြည့်ရှူ့စေသည်။ အဲ့ထဲမှာ ရိပေါ်သိလာရတဲ့ အကြောင်းအရာအချို့က သူငယ်ချင်းဖြစ်သူဟာ အမျိုးသားချစ်သူရှိနေကြောင်း။ ဒါကိုသူသိနေတာကြောင့် မထူးဆန်းခဲ့။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက ထိုအမျိုးသားဟာ ရိပေါ်သူငယ်ချင်းဖြစ်သူကို တစ်ကယ်ချစ်တာ မဟုတ်ပဲ ဆော့ကစားခဲ့တာ ဖြစ်ကြောင်းကိုပေါ့။ ဒါကြောင့် တစ်ကယ်ချစ်ခဲ့တဲ့ ရိပေါ်သူငယ်ချင်းဟာ ထိုလူကို ဒူးထောက်တောင်းပန်ပေမယ့် အရှက်သာ ကွဲခဲ့ရသည်။ ထိုလူကတော့ ကျောခိုင်းလျှက်သား။ ဒါကြောင့် အချစ်အတွက် နောက်ဆုံး လောကကြီးထဲက ထွက်သွားခဲ့တဲ့သူငယ်ချင်း။

SUGAR DADDY ( Completed ) Where stories live. Discover now