Chapter - 24 ( Final )

12.6K 507 18
                                    

SUGAR DADDY 🌻

Chapter - 24

ငိုကြီးချက်မနဲ့ ရင်ခွင်ထဲဝင်ရောက်လာတဲ့ ဘေဘီလေးက သူ့ကိုထားမသွားပါနဲ့တဲ့။ ထိုစကားကိုကြားလိုက်ရတော့ ရှောင်းကျန့်မှာ အောင်နိုင်သူအပြုံးကြီးနဲ့ ဘေဘီလေးကို အားနဲ့ ပြန်ထွေးဖက်လိုက်သည်။

" ဘေဘီ "

" ဟင့် ဒယ်ဒီ ကျွန်တော့ကို ထားမသွားပါနဲ့နော်။ ကျွန်တော် ဒယ်ဒီ့စကားတွေ အကုန်နားထောင်ပါမယ်။ ကျွန်တော် ဒယ်ဒီစိတ်တိုင်းကျ နေပါ့မယ် ။ ဒါကြောင့် ဒယ်ဒီ ကျွန်တော့ကို ပစ်မထားပါနဲ့။ စိမ်းကားမနေပါနဲ့ ။ မနေတက်လို့ပါ ကျွန်တော်တစ်ယောက်တည်း တစ်ကယ်မနေတက်တော့လို့ပါ..."

ငိုရင်း ရင်ခွင်ထဲကနေ စကားများစွာပြောနေတဲ့ ရိပေါ်ကို ရှောင်းကျန့်တင်းကျပ်စွာ ဖက်ထားရာမှ ဖယ်ခွာပြီး မျက်နှာလေးကို ငုံ့ကာကြည့်သည်။ မျက်ရည်တွေရော် နှပ်ချီးတွေပါ ပေပွနေတဲ့ ရိပေါ်လေးက ဘယ်လိုကြောင့် ကလေးတစ်ယောက်လိုငိုနေတာလဲ။

" ဘေဘီ "

" ဟင့် အင်း..."

" အဲ့ဒါဆို ဘေဘီက ဒယ်ဒီ့စကားကိုခုချိန်ကစ နားထောင်မှာလား.. "

" ဟင့်... ဟုတ် "

ငိုရင်းခေါင်းငြိမ့်တဲ့ ရိပေါ်မျက်နှာပေါ်က မျက်ရည်များကို ရှောင်းကျန့် သုတ်ဖယ်ပေးလိုက်သည်။ ဖြူနုနုပါးလေးများ မျက်ရည်များကြောင့် ပန်းသွေးရောင်ကြွလို့။

" ဘေဘေ "

" ဗျာ "

" ချစ်တယ် "

" ဟုတ် "

" ဘေဘေရော ဒယ်ဒီ့ကို မချစ်ဘူးလား..."

" ......... "

" ဖြေလေ ဘေဘေ ။ ဒယ်ဒီမေးနေတာ ဖြေလေ ဘေဘေလေရော ဒယ်ဒီ့ကို မချစ်ဖူးလားလို့.. ဟင်..."

သိချင်စိတ်ပြင်းပြနေတဲ့ ရှောင်းကျန့်မျက်နှာချောချောကို ခေါင်းလေးမော့ကာကြည့်လို့ ရှက်သွေးဖျာ ခေါင်းလေးငုံ့ချသွားတဲ့ ဝမ်ရိပေါ်။ ညအမှောင်ပေမယ့် ကားမီးထိုးထားတာကြောင့် ရိပေါ်ရဲ့မျက်နှာအပြောင်းအလဲကို ရှောင်းကျန့်အကုန်မြင်နေရသည်။

SUGAR DADDY ( Completed ) Where stories live. Discover now