Chapter - 20

6.4K 432 14
                                    

SUGAR DADDY 🌻

Chapter - 20

ယောကျာ်းရမှ ကျောင်းပြန်တက်ရမယ်လို့ မရည်ရွယ်ထားတဲ့ရိပေါ်ဟာ နောက်ဆုံးကျန်နေရတဲ အတန်းကျောင်းကို ရှောင်းကျန့်သဘောထားနဲ့ပြန်တက်ရသည်။ ဒါပေမယ့် အဝေးမှာဆိုစိတ်မချဘူးအကြောင်းပြချက်နဲ့ ကိုယ်နိုင်ငံအတွင်းမှာသာ သက်တော်စောင့်တစ်ယောက်နဲ့ ကျောင်းတက်ရသည့်အခွင့်အရေး။ မတက်တော့ဘူးငြင်းတာတော ဘွဲ့တစ်ခုတော့ရအောင်ယူရမယ်ဆိုတဲ့ စကားလုံးနဲ့ ရိပေါ်ကိုကျောင်းပြန်တက်ခိုင်းတော့ ရိပေါ်သိပ်သိပ်ပျော်တာပေါ့။ ကျောင်းတက်မယ် ၊ စားဖယ် သောက်မယ် လည်မယ် ၊ ဒီကြားထဲ ရိပေါ်က ရုပ်ချောတော့ မိန်းကလေးလှလှလေးတွေနဲ့တောင် ဇာတ်လမ်းရှုပ်နိုင်သေးသည်။ ဘိုးတော် ရှောင်းကျန့်ကတော့ ထားလိုက်တော့ ကိုယ်ချစ်လို့ယူထားတာမှမဟုတ်တာ ၊ ပါပါးကုမ္ပဏီကိုကူညီပေးမယ်ဆိုလို့ မချစ်ပဲယူလိုက်ရတဲ့ဟာ။ ပြီးတော့ ရိပေါ်က gay မဟုတ်ဘူး။ ကောင်မလေးပဲကြိုက်သည်။

မင်းသားရှုံးအောင်ပြင်ဆင်ပြီး ကျောင်းသွားဖို့ပြင်ထားတဲ့ ရိပေါ်ကို ရှောင်းကျန့်ကြည့်ကာ ခေါင်းခါသည်။ ကျောင်းသွားတက်မှာလား မင်းသားသွားလုပ်မှာလားမသိနိုင်တဲ့ရိပေါ်က စတိုင်အပြည့်။ တောင့်တင်းတင်းခန္ဓာကိုယ်ပေါ် ချပ်ချပ်ရပ်ရပ်ရှိနေတဲ့ အဝတ်အစားက ရိပေါ်နဲ့သိပ်လိုက်ဖက်တာပဲ။ မင်းသားတစ်ယောက်လိုဝတ်ပြီး ကျောင်းသွားမှာက ရိပေါ်ဟာ သူ့ကိုသူ လင်ရှိတဲ့ ယောကျာ်းဆိုတာ မေ့နေတာလားပဲ။ ဒါကြောင့် မနေနိုင်တော့တဲ့ရှောင်းကျန့်ဟာ ရိပေါ်က ယောကျာ်းရပြီးတဲ့အမျိုယသားဆိုတာ မမေ့ရလေအောင် သတိပေးဖို့ပြင်ကသည်။

" ဘေဘီ "

ရှောင်းကျန့်ခေါ်သံကြောင့် ရှောင်းကျန့်ဘက် ဘုကြည့်လှည့်ကြည့်လာတဲ့ ဝမ်ရိပေါ် ။

" ဘာလဲ "

"  ကျောင်းကို ဒယ်ဒီလိုက်ပို့ရမလား "

" မလိုဘူး ကိုယ်ဟာကိုယ်သွားမယ် "

" ဒါပေမယ့် ဘေဘီက ဒီလောက်ထိ လန်းအောင်ဝတ်စားထားတော့ ဒယ်ဒီက စိတ်မချဘူး။ ခဏနေ ဒယ်ဒီ့ဘေဘေလေးကို လူများတွေ လာကြည့်နေရင် ဘယ်လိုလုပ်မှာလည်း.."

SUGAR DADDY ( Completed ) Where stories live. Discover now