Chapter - 10

5.9K 411 14
                                    

SUGAR DADDY 🌻

Chapter - 10

" ခင်ဗျားကစောနေတာနော် "

ထိုင်ခုံမှာဝင်ထိုင်ပြီး ကျိုးချန်ကိုပြောလာတဲ့ ဝမိရိပေါ်စကားကို ကျိုးချန်ခေါင်းလေးငြိမ့်ထောက်ခံလိုက်သည်။ တွေ့ချင်နေတဲ့လူက စိတ်လောတယ်မလား။ ဒါကြောင့် ကျိုးချန် ဝမ်ရိပေါ်ကိုချိန်းထားတဲ့နေရာကို နာရီဝက်လောက်စောပြီး ကြိုရောက်နေခဲ့မိသည်။

" ခင်ဗျားကျွန်တော့ကိုတွေ့ချင်တဲ့ကိစ္စက "

အချိန်ဖဲ့ပေးရတဲ့ဝမ်ရိပေါ်ဟာကျိုးချန်နဲ့အတူ အကြာကြီးထိုင်လိုဟန်မပြပဲ ခရီးရောက်မဆိုက် ကျိုးချန်ဘာကြောင့်တွေ့ချင်တာလည်းကိုမေးလာခဲ့သည်။ ဒါကြောင့်ကျိုးချန်ဟာလည်း အချိန်ဆွဲမနေတော့ပဲ လိုရင်းကိုသာ ပြောဖို့ပြင်သည်။

" ရှောင်းကျန့်ကိုလွတ်ပေးပါ "

ကျိုးချန်စကားကို မျက်ခုံးပင့်ပြကာ မဲ့ပြုံးကြီးရယ်တဲ့ဝမ်ရိပေါ်.....

" ဘာကြောင့်လဲ "

" သူ့အမှားမဟုတ်လို့ "

" ဒါဆို ကျွန်တော့သူငယ်ချင်းကရော မှားခဲ့လို့လား..."

" ငါတောင်းပန်ပါတယ် "

" ခင်ဗျားတောင်းပန်လည်း ကျွန်တော့သူငယ်ချင်း အသက်ပြန်ရှင်လာမှာမဟုတ်ဘူး..."

" ဒါပေမယ့် ဝမ်ရိပေါ်.... "

" မျက်လုံးတစ်လုံးဆုံးရင်း မျက်လုံးတစ်လုံးပဲ အခုဟာက ကျွန်တော့သူငယ်ချင်းတစ်ယောက်လုံးက အသက်ပါပေးခဲ့ရတာ ။ ဒါကြောင့် ခင်ဗျားသူငယ်ချင်းရဲ့ အရှက်တရားကိုတော့ ကျွန်တော့သူငယ်ချင်းအတွက် ကျွန်တော်ပြန်ယူရလိမ့်မယ်.."

" ဒါပေမယ့် မင်းထင်သလို ရှောင်းကျန့်က gay မဟုတ်ဘူး "

" ကျွန်တော့သူငယ်ချင်းလည်း gay မဟုတ်ဘူး။ ခင်ဗျားကြောင့် သူ့စိတ်တွေပြောင်းလဲသွားတာ..."

" ဒါပေမယ့်......."

" စိတ်မပူပါနဲ့ ခင်ဗျားသူငယ်ချင်းလည်း မကြာခင် gay တော့မှာပါ..."

ပြောပြောဆိုဆိုနဲ့ ကျိုးချန်ရှေ့က ပြန်ထွက်သွားတဲ့ ဝမ်ရိပေါ်ကို ကျိုးချန်ဒေါသမျက်လုံးများနဲ့စိုက်ကြည့်ကာ ကျန်နေခဲ့ရသည်။

SUGAR DADDY ( Completed ) Where stories live. Discover now