Chapter - 4

9.2K 599 8
                                    

SUGAR DADDY 🌻

Chapter - 4

" ဒယ်ဒီ ကျွန်တော့ဆိုင်ကယ်ကလေ "

" ဒယ်ဒီအသစ်ဝယ်ပေးမယ် ဘေဘီကြိုက်ရာရွေးလိုက်တော့.."

ရှောင်းကျန့်ဆိုတဲ့ဘဲကြီးဟာသူ့ဘေဘီကိုအများအားကျရလောက်အောင် ရှယ်အမ်းပါသည်။ ဘေဘီဆိုတဲ့ချာတိတ်ကလည်း ရှောင်းကျန့်ကို ဒယ်ဒီခေါ်ပြီးသာပေါင်းညာစားလေး။ ဒါပေမယ့် ရှောင်းကျန့်ကလည်းဘေဘီလိုချင်တဲ့ ပစ္စည်းတစ်ခုကိုဝယ်ပေးပြီးတိုင်း သူ့ဘေဘီကိုနောက်ရက်အိပ်ယာက မထနိုင်အောင်အထိ ရှယ်စားပါသည်။

အခုလည်းဆိုင်ကယ်အရောင်းပြခန်းတစ်ခုမှ ဘေဘီလိုချင်တဲ့ဆိုင်ကယ်ဝယ်ပေးဖို့အတွက် ရှောင်းကျန့်ရောက်နေခဲ့သည်။ ဘေဘီကတော့ ဆိုင်ကယ်အလှကြီးတွေကိုငေးကာ တစ်ပျော်တစ်ပါးကြီးရွေးချယ်နေလို့။

" ရှောင်းကျန့် "

ဘေဘီပျော်နေတာကိုကြည့်ပြီးပြုံးနေတဲ့ရှောင်းကျန့်ကိုဘေးနားကခေါ်လိုက်တဲ့အသံကြောင့် ရှောင်းကျန့်လှည့်ကြည့်လိုက်သည်။

" ကျိုးချန် "

" အင်းငါပါ ဒါနဲ့မင်းဒီကိုဘယ်သူနဲ့လာတာလည်း ရှောင်းကျန့် "

ဆိုင်ကယ်အရောင်းပြခန်းထဲကို မျက်စိကစားပြီးမေးလာတဲ့ကျိုးချန်ကို ရှောင်းကျန့်ညာစရာအကြောင်းမရှိပါဘူး။

" ငါ့ဘေဘီနဲ့ "

" အော် ဒါနဲ့ကြုံတုန်း မင်းဘေဘီကို ငါနဲ့မိတ်မဆက်ပေးချင်ဘူးလား ရှောင်းကျန့် "

" ရပါတယ်ကွာ ဒါနဲ့ခဏနော် ငါဘေဘီ့ကိုခေါ်လိုက်ဦးမယ် "

ရှောင်းကျန့်ဘေးနား ကျိုးချန်ရပ်ပြီး စကားပြောနေကတည်းက ရှောင်းကျန့်တို့ဘက်ငေးကြည့်နေတဲ့ဘေဘီ့ကို ရှောင်းကျန့်လက်လေးပြခေါ်လိုက်သည်။ ရှောင်းကျန့်လက်လေးပြလိုက်တာနဲ့ ရှောင်းကျန့်ရှိရာဘက် အေးဆေးစွာလျှောက်လာခဲ့တဲ့ဘေဘီ....။

" ဘေဘီလာ...ဘေဘီ့ကို ဒယ်ဒီသူငယ်ချင်းနဲ့မိတ်ဆက်ပေးမလို့ "

ရှောင်းကျန့်ဘေးနားရောက်လာတဲ့ ဘေဘီ့ပခုံးကိုဖက်ကာ စကားစတော့ ဘေဘီက ရှောင်းကျန့်ခါးလေးကိုပြန်ဖက်ပြီးပြုံးပြလာသည်။

SUGAR DADDY ( Completed ) Where stories live. Discover now