Chapter - 11

5.6K 416 12
                                    

SUGAR DADDY 🌻

Chapter - 11

" မင်းကဘာဖြစ်ချင်နေတာလဲကျိုးချန် "

" ရှောင်းကျန့် မင်းငါပြောတာနားထောင်ပါ။ ငါတစ်ကယ်ပြောနေတာပါ မင်းရဲ့ဘေဘီဆိုတဲ့အကောင်က ငါ့ကိုဂလဲ့စားချေချင်လို့ မင်းကိုကပ်နေတဲ့ကောင်ပါ...."

" ကျိုးချန် "!!

" ငါမညာဘူးတစ်ကယ်ပါ။ မင်းရဲ့ဘေဘီဆိုတဲ့ကောင်က ငါသူသူ့ငယ်ချင်းကို မချစ်ပဲချစ်ဟန်ဆောင်ခဲ့လို့ သူ့သူငယ်ချင်းက ကိုယ်ဟာကိုယ်သတ်သေသွားတာပါ။ အဲ့ဒါကိုမကျေနပ်လို့ ငါ့ကိုဂလဲ့စားချေမလို့ ငါ့သူငယ်ချင်းဖြစ်တဲ့မင်းကို ကပ်နေတာပါ ငါပြောတာမင်းယုံပါ..."

ကျိုးချန်ဘယ်လောက်ပြောပြော ခေါင်းမာစွာခေါင်းခါတဲ့ရှောင်းကျန့်ဟာ ကျိုးချန်စကားကိုလုံးဝနားမဝင်ပါဘူး။ ရိပေါ်ကဝန်ခံထားသည်လေ ။ ကျိုးချန်က ရိပေါ်ကိုအရင်ကတည်းကသိနေသည်တဲ့။ ဒါပေမယ့် ရိပေါ်က ကျိုးချန်ကိုမသိပါဘူးလို့ ရှောင်းကျန့်ကိုပြောပြထားသည်လေ။ ဒါကိုကျိုးချန်ကလုံးဝဘူးခံငြင်းနေသည်။ ရိပေါ်က ကျိုးချန်ကိုသိယုံမက ကျိုးချန်ကိုဂလဲ့စားချေချင်လို့ ရှောင်းကျန့်နားကပ်နေသည်ဆိုပဲ။ ရိပေါ်ကကျိုးချန်ဖွင့်မပြောပြခင်အကုန်ဝန်ခံထားလို့ ကျိုးချန်စကားကိုရှောင်းကျန့်လုံးဝမယုံကြည်ပါ။

" ကျိုးချန် မင်းကဘာလို့ ဘေဘီ့ကိုမုန်းနေရတာလဲ.."

" ငါကမင်းဘေဘီကိုလုံးဝမမုန်းဘူးရှောင်းကျန့်။ ဒါကိုမင်းယုံကြည်ထားပေး။ မင်းဘေဘီကသာ ငါ့ကိုမုန်းပြီး မင်းကိုအပိုင်ကပ်နေတာ "

" ကျိုးချန်ရာ...."

" ရှောင်းကျန့် ငါပြောတာမင်းယုံပါ "

ကျိုးချန်ဘယ်လောက်ပြောပြော ယုံကြည့်မှုမရှိတဲ့ရှောင်းကျန့်ကြောင့် ကျိုးချန်စိတ်တွေညစ်ရပါသည်။ ဒါပေမယ့်လည်း ကျိုးချန်မပြောပဲ မနေရဲခဲ့။ သူငယ်ချင်းတစ်ယောက်လုံး ခံစားရမှာကျိုးချန်တစ်ကယ်မလိုလားပါ။ ဒါကြောင့် သူမှားခဲ့တာကိုဖွင့်ပြောပြီး ရှောင်းကျန့်ကိုနားလည်အောင်ရှင်းပြပေမယ့် လုံးဝမယုံကြည်ပေးတဲ့ရှောင်းကျန့်ကြောင့် ကျိုးချန်စိတ်တွေရှုပ်နေရပါသည်။

SUGAR DADDY ( Completed ) Where stories live. Discover now