Chapter - 15

6.2K 457 21
                                    

SUGAR DADDY 🌻

Chapter - 15

" အဲ့ဒါဘယ်လဲ "

" အိမ်ပြန်မလို့ "

" မင်းကို ဘယ်သူက အိမ်ပြန်ခိုင်းလို့လည်း "

" ရှောင်းကျန့် "!

ဝမ်ရိပေါ်ရေမိုးချိုးပြီးခန္ဓာကိုယ်ကအနည်းငယ် သက်သာနေတာကြောင့် ရှောင်းကျန့်အဝတ်ဘီရိုထဲက တော်မယ်ထင်တဲ့အဝတ်အစားအချို့ကို ခွင့်မတောင်းပဲယူဝတ်ကာ အခန်းထဲကထွက်ဖို့ပြင်သည်။ ဒါပေမယ့် ရေချိုးခန်းထဲက ခါးအောက်ပိုင်းကို သဘက်တစ်ထည်သာ ပတ်ထားတဲ့ရှောင်းကျန့်က မေးခွန်းတွေမေးနေတာကြောင့် ပြန်ဖြေမိတော့ ဘယ်သူကအိမ်ပြန်ခိုင်းလို့လဲတဲ့။ ရိပေါ်တော်တော်စိတ်တိုနေရပါသည်။ တစ်ကယ်ပဲ ရှောင်းကျန့်က ဘာဖြစ်ချင်နေတာလဲ။

" ဟေ့ ကိုယ်မေးနေတယ်လေ "

" ရှောင်းကျန့် ခင်ဗျား မရစ်စမ်းနဲ့ဗျာ ။ ကျွန်တော်က အိမ်မပြန်လို့ ခင်ဗျားအိမ်မှာ တစ်သက်လုံးနေရမှာလား..."

" မင်းမနေချင်လည်း ကိုယ်ကတစ်သက်လုံးခေါ်ထားတော့မှာ "

" ရှောင်းကျန့်ရာ...."

ဝမ်ရိပေါ်ရှောင်းကျန့်ကိုစိတ်ကုန်သလိုကြည့်ပြီး ခေါင်းခါကာ အခန်းထဲကထွက်ဖို့ပြင်သည်။ ဒါပေမယ့် အခန်းတံခါးကဖွင့်လို့မရ...။

" ရှောင်းကျန့် တံခါးဖွင့်ပေး "

" ဘေဘီကိုယ်တိုင် ဖွင့်လို့ရရင်ပြန်လေ "

ရှောင်းကျန့်က ဝမ်ရိပေါ်ဘာလုပ်နေတာလည်းဆိုတာ တစ်ချက်ကြည့်ပြီး အေးဆေးစွာ သဘက်တစ်ထည်နဲ့ခေါင်းသုတ်နေသည်။ ဝမ်ရိပေါ်ကတော့ စိတ်ရှည်လက်ရှည်တံခါးပွင့်လာအောင် ကြိုးစားနေပေမယ့် လှုပ်ရှားမှုမရှိတဲ့ တံခါးကြီးကြောင့် ဝမ်ရိပေါ်စိတ်ပျက်လာသည်။

" ရှောင်းကျန့် ခင်ဗျား ဖွင့်ပေးမလား မပေးဘူးလား..."

" ရော....ပြောရခက်လှချည်လာဘေဘီရယ် ဘေဘီကိုယ်တိုင်ဖွင့်နိုင်ရင် ပြန်နိုင်တယ်လို့ "

ရှောင်းကျန့်သည် ဝမ်ရိပေါ်ကိုစကားပြောပြီး မဆိုင်သလို အဝတ်အစားတွေယူဝတ်နေသည်။ ရှောင်းကျန့်အဝတ်အစားဝတ်တာကို ဒေါသကြီးစွာစိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်မျက်လုံးအိမ်းက မီးတောက်တွေထွက်နေတယ်ဆိုကင် ရှောင်းကျန့်ပြာကျလောက်သည်။

SUGAR DADDY ( Completed ) Where stories live. Discover now