Home&Friends

431 49 7
                                    

My Sweet Revenge

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့စွန်ရှိ
White love (하얀 사랑)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့စွန်ရှိ White love (하얀 사랑)

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

မိဘမဲ့ကလေးဂေဟာ

မိဘမဲ့~~~~~~~။

" မဲ့"ဆိုတဲ့စကားက အဓိပ္ပါယ်အမျိုးမျိုးရှိတယ်မလား??
အမူအရာမှာဆိုရင် ကဲ့ရဲ့တဲ့သဘော ဒါမှမဟုတ် မပျော်ရွှင်ဝမ်းနည်းတဲ့သဘော။
ပိုင်ဆိုင်ခြင်းပြအနေနဲ့ဆိုရင် မရှိတဲ့သဘော
လွတ်ကင်းနေတဲ့သဘော ၊ မပိုင်ဆိုင်ရခြင်းဆိုတဲ့သဘော။ တစ်နည်းအားဖြင့် ဇီးရိုး(သုည)ပေါ့လေ။
ဘယ်လိုပဲတွေးတွေး ဘယ်လိုပဲကြည့်ကြည့် ကောင်းကွက်တစ်ခုမှ မရှိဘူးမလား။

~~~အခုလဲကြည့်~~~
" မိ.ဘ.မဲ့"တဲ့။
မိဘမရှိဘူးပေါ့လေ။
"မိဘ" စကားလုံးနှစ်လုံးတည်းပေမည့် အလွန့်ကိုတာသွားသော စကားစု။
အမိနဲ့အဖ။
အသက်ရင်းပြီး အနာခံမွေးကာ ရင်မှဖြစ်သော နို့ချိုတိုက်ကျွေးပြီး ထွေးပွေ့ယုယကြင်နာပေးမည့် အမိ။
တံတိုင်းတစ်ခုပမာ ကြုံလာသမျှအန္တရာယ်ဟူသရွေ့ မကျရောက်ရလေအောင်
နေပူပူမိုးရွာရွာ အရှေ့တွင်ကြံ့ကြံ့ခံ ရပ်တည်ကာကွယ်ပေးမည့် အဖ။
ကလေးငယ်တစ်ဦးအတွက် အကြီးမားဆုံးနှင့်အနွေးထွေးဆုံး ရင်ခွင်နှစ်စုံ ဆုံးရှုံးရခြင်းသည် မည်သို့မျှ အဖတ်ဆည်နိုင်မည်မဟုတ်သော ယူကြုံးမရဖြစ်မှုပင်မဟုတ်ပါလား။

ကံတရားကြောင့်ဖြစ်စေ ၊ တမင်ရည်ရွယ်ပြီးပဲဖြစ်စေ မဲ့ခဲ့ကြရသော လူသားငယ်များအတွက် နားခိုရာ ၊ ခိုလှုံရာ ၊ တစ်နည်းဆိုရသော် "အိမ်"

စကားလုံးအဓိပ္ပါယ်ကကောင်းကွက်မရှိပေမယ့် ဒီနေရာလေးကတော့ အစွန့်ပစ်ခံလူသားငယ်များအတွက်တော့ နွေးထွေးသည်။
ပြည့်စုံလွန်းသည်ဟု မဆိုနိုင်ပေမယ့် မပြည့်မစုံဟူ၍လည်း ပြောလို့မရပြန်။

My Sweet Revenge Où les histoires vivent. Découvrez maintenant