My Sweet Revenge
ဒီလိုနဲ့ နေ့လည်စာစားချိန်ရောက်တော့ အကျင့်ပါနေတဲ့ ခြေထောက်တွေက Hyungအတန်းရှိရာဆီသို့ သူ့ကိုခေါ်ဆောင်နေပေမယ့် သူ့အသိစိတ်က သူ့အား မသွားရန်တားမြစ်နေသည်။
အဆုံးမသတ်နိုင်တဲ့ အစပြုခြင်းတွေအတွက်
တာဝန်ရှိတဲ့သူက သူကိုယ်တိုင်ပဲမို့ သူကိုယ်တိုင်ကပဲ ရပ်တန့်မှဖြစ်မည်မဟုတ်လား။စွဲလမ်းခြင်းမှန်သရွေ့ဟာ ကြာရှည်လာလျှင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်ထွန်းလာတတ်တာမို့ သူ ဖြတ်တောက်ဖို့ကြိုးစားရတော့မည်။
ခြေထောက်မှာမှ အသိဥာဏ်မရှိဘဲလေ။
အသိဥာဏ်ရှိတဲ့ ဦးနှောက်က တားမြစ်နေတာကို သူလိုက်နာရမည်။ထို့ကြောင့် Hyungရှိရာ အဆောင်ဖက်သို့သွားရန်ပြင်နေရာမှ သူတို့ အဆောင်ဘေးရှိ မေဘယ်လ်ပင်ကြီးရှိရာဆီသို့ ဦးတည်လိုက်သည်။
တစ်နေ့လုံး Hyungရှိရာဆီသို့လည်းမသွား၊
အတန်းထဲတွင်မည်သူနှင့်မှလည်းစကားမပြောဖြစ်၊ သူ့အတွေးနှင့်သူသာ နေဖြစ်ခဲ့သည်။Jieunပြောစကားကြောင့် သူဘာလဲဆိုတာကို Jinnieနှင့်Taehyungတို့ သိသွားကြပြီမဟုတ်လား။
အိမ်ပြန်ရောက်လျှင် Hyungလည်း သိရပေတော့မည်။
မနက်ဖြန်ကို မရောက်ချင်။
အခုအချိန်မှာပဲ ရပ်တန့်ထားလို့ရလျှင် သိပ်ကောင်းမည်။Jinnieတို့ကို မပြောပြပါနှင့်လို့ သူ တောင်းပန်လျှင် ရနိုင်ပေမယ့် သူ မတားချင်တော့။
တကယ်တော့ Jieun မပြောလျှင်တောင် သူ မည်သည့်အချိန်အထိ ဖုံးကွယ်ထားနိုင်မည်နည်း။
မပေါ်သော လျှို့ဝက်ချက်ဟူ၍ ဤကမ္ဘာပေါ်တွင် ရှိမှမရှိဘဲလေ။
YOU ARE READING
My Sweet Revenge
Fanfiction"ယောက်ျားလေးတစ်ယောက် Omegaဖြစ်တာ ရှက်စရာမဟုတ်ဘူးလို့ ခံယူထားပေမယ့် ခင်ဗျားအတွက် ကျွန်တော့်ဖြစ်တည်မှုကို ဘဝမှာ ပထမဆုံးမုန်းတီးမိခြင်းပဲ" Min Yoongi "နေရာမရှိပါဘူးလို့ပြောထားရက်နဲ့ ဇွတ်တိုးဝင်တာတော့ မင်းအပိုင...