9.9: I am coming to you. Be ready!!

345 42 35
                                    

My Sweet Revenge

"မသွားရပါဘူး"

ဆေးရုံအခန်းထဲတွင် Austin၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်

"ဟင့်အင်း...မသွားရဘူးဆို မသွားရဘူးပဲ Daddy..."

"Austin!!လူကြီးတွေကိစ္စလေ သားဝင်မပါနဲ့"

"လူကြီးတွေကိစ္စမှန်းသိပေမယ့် Daddyရဲ့ကိစ္စဟာ သားရဲ့ကိစ္စပဲ"

"ဟုတ်သားပဲ....Augustရယ် မနေ့ကလေးတင်ဖြစ်ထားတာလေကွာ ....မသွားပါနဲ့လား...နောက်ပြီး Jungkookသိရင်လဲ လွှတ်မှာမဟုတ်ဘူး...မင်း..Jungkookကို ဒီကိုလာစေချင်ရင်လဲ ရိုးရိုးလေးပြောလိုက်ပါကွာ ဟိုက မလာဘဲရှိမလား??အခုလိုတော့မလုပ်နဲ့"

"မနောက်နဲ့နော်...Hoseok...ငါအတည်ပြောနေတာ ...ငါလုပ်မယ်ဆုံးဖြတ်ထားပြီးသားကိစ္စကို ငါလုပ်ကိုလုပ်မှဖြစ်မယ်...နောက်ပြီး အခုမှ စတင်မယ့်အလုပ်လေ စစချင်းမှာ ဒီလို ဘာမဟုတ်တာကို အကြောင်းပြပြီး ဖျက်လိုက်ရင်..ငါ့အပေါ် impression downသွားမှာပေါ့...ပေးပြီးသားကတိကို တည်ရမယ်လေ"

"Daddyရဲ့ကျန်းမာရေးက ဘာမဟုတ်တာမှမဟုတ်ဘဲဟာ"

"မဟုတ်ဘူးလေ Austinရယ် သားအတွက်ကတော့ အရေးကြီးပေမယ့် သူတို့အတွက်ကျတော့ Daddyက သားအတွက်လောက်မှ အရေးမပါဘဲဟာ...ဘယ်နားလည်ပေးနိုင်မှာလဲ"

"ဒါပေမယ့် မသွားရဘူး Daddy...ပြောမရရင်တော့ Uncle Jeonနဲ့ပဲပြောလိုက်တော့"

"Austin!!!...
Daddyကို မခြိမ်းခြောက်နဲ့နော်...သား..Jeonကို သွားပြောစရာမလိုဘူး...အလကားသက်သက် အပိုစိတ်ပူရအောင်...သားလဲသိသားပဲ ..Jeonက JiJiလေးရော companyရောနဲ့ စိတ်များနေတဲ့ဟာကို Daddyတို့ကပါ ထပ်ပြီး စိတ်မပူစေသင့်ဘူးလေ"

My Sweet Revenge Where stories live. Discover now