10.10: Try the taste of awaiting.

311 43 26
                                    

My Sweet Revenge

"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်"

Receptionမှ မိန်းကလေးက Yoongiအား ချိုသာစွာမေးမြန်းလိုက်သည်
ထို့အတူ သူမ၏ မျက်လုံးအစုံကလည်း Yoongi၏ခေါင်းအစခြေအဆုံး အစုန်အဆန် အကဲခတ်လျှက်။ အထူးသဖြင့် သူ၏မျက်နှာပေါ်တွင် သူမ၏အကြည့်တို့က ရစ်ဝဲလျှက်

သူ သူမကို နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြလိုက်ပြီး

"CEO Kim Namjoon နဲ့တွေ့ချင်လို့ပါ"

"Appointment ယူထားပါသလားရှင်?"

"မယူထားပါဘူ"

သူ့အဖြေကြောင့် သူမမျက်နှာပေါ်ရှိ အပြုံးချိုချိုမှာ တဖြည်းဖြည်းကွယ်ပျောက်သွားသည်

"Appointment ယူမထားရင်တော့ စိတ်မကောင်းပါဘူးရှင်.... တွေ့ဖို့ အဆင်မပြေနိုင်ပါဘူး"

"ကျွန်တော် ဒီနေ့လာမယ်ဆိုတာ သူသိပါတယ် တစ်ဆိတ်လောက် ကျွန်တော့်ရဲ့ နာမည်လေးကိုပဲ ပြောပေးပါ"

"CEOမရောက်လောက်သေးပါဘူး နောက်ပြီး ရှင့်ထက်အရင် ကြိappointယူထားတဲ့သူတွေမှတစ်ပုံကြီးဟာ ကျွန်မအထင်တော့ ရှင် ဒီနေ့တော့ တွေ့ခွင့်ရမယ်မထင်ဘူး အဲ့ဒီ့တော့ အချိန်ဖြုန်းနေမယ့်အစား ပြန်လိုက်တာက ရှင့်အတွက် ပိုကောင်းမယ်ထင်ပါတယ်  "

"ကျွန်တော်က ခင်ဗျားရဲ့ ထင်မြင်ချက်ကိုမေးနေတာမှမဟုတ်ဘဲ ....ကျွန်တော့်နာမည်ကို ပြောစေချင်ရုံတင်....အဲ့ဒါက အဲ့ဒီလောက်ခက်နေလို့လား...ဒါမှမဟုတ် ကျွန်တော့်ကို မယုံတာလားပဲ....ဒါက Kim corporationရဲ့ ကြိုဆိုတဲ့ Styleလား"

သူ့ရဲ့ ခနဲ့တဲ့တဲ့ အပြောကြောင့် ထိုမိန်းကလေးရဲ့အကြည့်တွေက ဒါမျိုးရိုးနေပြီဟူသော အဓိပ္ပါယ်သို့ပြောင်းသွားကာ သူ့ထံမှအကြည့်ကို computer screenပေါ်သို့ရွေ့လိုက်သည်

My Sweet Revenge Where stories live. Discover now