Destiny????

304 43 12
                                    

"ရောက်လာပြီလား?"

"ဟုတ်ကဲ့ appa"

Jung kihyung သူ့ရှေ့တွင်ရပ်နေသော သားငယ်ကို ကြည့်လိုက်မိသည်

မျက်လုံးတောက်တောက်ကြည်ကြည်ကလေးများ
ဖြောင့်ဖြောင်းစင်းစင်းနှာတံလေး၊ အင်း ဒါကတော့ သူ့အမေနဲ့သွားတူတယ်
ရယ်ပြုံးလိုက်လျှင် အသည်းပုံပေါ်သွားသော နှုတ်ခမ်းပါး
ဖြောင့်တန်းနက်မှောင်သော မျက်ခုံးတစ်စုံ
ပိန်သွယ်သော်လည်း ရှည်လျားသောအရပ်
လက်ချောင်းလှလှသွယ်သွယ်လေးများ

ငါ့သားလေး
ချစ်ရတဲ့ ဇနီးသည်ရဲ့ အသက်နဲ့လဲပြီး မွေးခဲ့ရသောသား
သူ ဤကမ္ဘာပေါ်တွင် အချစ်ရဆုံး အကာကွယ်ပေးချင်ဆုံးသောလူသားလေး

အခုတော့ ဒီကလေးလေးရဲ့ အချစ်တွေကို သူကျတော့ ခွဲယူနေရသည်
ဒါကလည်း သူဖန်တီးခဲ့သောကိစ္စပင်ဖြစ်တာမို့ သားကို အပြစ်မမြင်မိ

သူက သားကို ကာကွယ်မည်။ သူက သားကို ချစ်ပေးမည်။ သားက ထိုကလေးကို ကာကွယ်လိမ့်မည်။ သားက ထိုကလေးကို ဘယ်နည်းနှင့်မှ အထိခိုက်ခံလိမ့်မည်မဟုတ်ကြောင်း သူသတိထားမိသည်မှာ ကြာခဲ့ပြီ။ မနက်ကဖြစ်ခဲ့သောဖြစ်ရပ်က ထပ်လောင်းသက်သေပြနေသကဲ့သို့ပင်

အကောင်သိပ်မကွာသော ထိုကလေးကို ကျောပေါ်တင်ကာ သူ့ဆီသို့ အပြေးရောက်လာသောသားသည် ထိုကလေး နှဖူးပေါ်ရှိ ချွေးစများကို လက်နှင့်သုတ်ပေးနေသော်ငြား သူ့မျက်နှာမှ လည်တိုင်ဆီသို့စီးကျနေသော ချွေးများကိုတော့ သတိမမူမိ

ခြေကျင်းဝတ်လည်သွားသည်ကို ဆွဲလှည့်တော့ လက်သီးကို ပျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်နှာလွှဲသွားသောသားသည် မျက်ရည်တွေဝဲနေခဲ့သည်

Second genderမသိရသေးသော်လည်း omegaတစ်ယောက်ဖြစ်နိုင်ချေများသော ထိုကလေး၏  pheromoneရနံ့ကို တခြားသူများထက်အရင် သားသည် ဦးစွာသတိထားမိခဲ့သည်

My Sweet Revenge Nơi câu chuyện tồn tại. Hãy khám phá bây giờ