R????

292 42 26
                                    

My Sweet Revenge

သူ ဘယ်ရောက်နေတာလဲ သူမသိ။

သူ့အရှေ့ရှိ လမ်းကြားငယ်က သူ့ဘဝကို ကိုယ်စားပြုနေသည့်အလား မှောင်မည်းရှည်လျားလျက်။

ကျောင်းခန်းထဲမှ ပြေးထွက်လာပြီးကတည်းက  ခြေဦးတည့်ရာလျှောက်နေမိသည်မှာ ကြာပေပြီ။

သူ ဂေဟာကို ပြန်ဖို့လည်း စိတ်မကူးမိ။
ဘယ်နေရာသို့ဦးတည်နေမှန်းလည်း သူမသိ။

သူ သိသည့် တစ်ခုတည်းသောအရာက
နာသည်။
နာတာမှ မည်သည့်စကားလုံးနှင့် နှိုင်းယှဥ်ဖော်ပြရမည်မှန်း မသိအောင်ကိုပင် နာကျင်သည်။

နာကျင်သော်ငြား
သူ နာကျင်နေကြောင်းကို သူ မည်သူ့ကို တိုင်တည်ငိုကြွေးရမလဲ။

သူ့မှာ အဲ့ဒီ့လို ဝမ်းနည်း ငိုကြွေးခွင့်ရော ရှိလို့လား။

ဒါက သူ ဖန်တီးခဲ့တဲ့ ကိစ္စမဟုတ်ဘူးလား။

သူကိုယ်တိုင်  လိုလိုလားလားနဲ့ကို ဖန်တီးခဲ့တာမဟုတ်လား။

ဒါပေမယ့် ဘာလို့ ဒီလောက် နာကျင်နေရတာလဲ။

Yoongi သူ့အတွေးကို သူ သဘောကျစွာ တစ်ချက် အသံထွက်၍ ရယ်လိုက်မိသည်။

"ဟက်...."
နှုတ်ခမ်းပါးက ရယ်သံတစ်ချက် ထွက်သွားငြား မျက်ဝန်းများကမူ ဆန့်ကျင်ဘက်ဖြစ်စွာနှင့်ပင်
ငွေ့ရည်ဖွဲ့လျက် အချိန်မရွေးပြိုကျလာတော့မည့် တိမ်စိုင်အစား ရီဝေမှုန်မှိုင်းလျက်။

ဘယ်ညာ လှမ်းနေသည့် ခြေထောက်များက သူတို့ရဲ့ တာဝန်ကို ထုံးစံမပျက် ထမ်းဆောင်နေကြသော်လည်း ဦးတည်ရာကို ညွှန်ပြပေးရမည့် သူ့ဦးနှောက်က ဟာလာဟင်းလင်းဖြစ်နေသောကြောင့် 
သူမသွားသင့် မရောက်သင့်သောနေရာသို့ ရောက်နေမှန်း သတိမထားမိတော့။

ဘေးဘီဝဲယာသို့လည်း အာရုံမရှိသောကြောင့်
တရွေ့ရွေ့ချဥ်းကပ်လာသော ခြေသံများကိုလည်း ဂရုမပြုမိတော့။

ငိုက်စိုက်ချထားသောခေါင်းက ခပ်မာမာ အရာတစ်ခုကို ဝင်တိုက်မိတော့မှသာ သူ သတိဝင်လာမိတော့သည်။

မော့ကြည့်လိုက်တော့ သူ ဝင်တိုက်မိသောအရာက အသက်ကြီးကြီး လူကြီးတစ်ယောက်၏ ဗိုက်ဖြစ်နေသည်မို့ သူ ရိုကျိုးစွာနှင့်ပဲ ခါးလေးညွှတ် အရိုအသေပေးလိုက်ရင်း

My Sweet Revenge Where stories live. Discover now