Hyung...I am an omega...😥

293 49 17
                                    

My Sweet Revenge

Yoongi၏ မူလတန်းနေ့ရက်များသည် အလွန်ပင် ပျော်စရာကောင်းလွန်းခဲ့သည်

ဘဝတွင် သိတတ်စအရွယ်ကတည်းက အနားတွင်ရှိခဲ့သော ခင်တွယ်ရသော လူနည်းစုထဲသို့
Namjoon Hyung တို့ မောင်နှမသုံးယောက်ဝင်ရောက်လာပြီးကတည်းက သူ့ဘဝကလေးသည် အလွန့်ကို စိုပြည်လာခဲ့သည်

ဂေဟာတွင်ဆိုလျှင်
Seokieယ်  Arjushiရယ် Noonaတွေရယ် သူ့ကို ဂရုစိုက်မယ့်သူတွေပေါလို့ ။

အင်း.....Jieunကတော့ နဂိုကတည်းက သူ့ကိုဆို သိပ်အမြင်ကြည်လှတယ်မဟုတ်တော့ သူ့ကတော့ ထားပါတော့ ။

ကျောင်းမှာဆိုလျှင်လည်း
Jinnieရယ် Taetaeရယ် Namjoon hyungရယ် အားလုံးက သူ့ကို ချစ်ကြတယ်မဟုတ်လား

သူ့မျက်နှာလေး တစ်ချက်မကောင်းလိုက်လေနှင့် အားလုံးက ပျာပျာသလဲလဲဖြစ်ကြတာပဲလေ

ကျောင်းပိတ်လျှင်ဖြင့် သူတို့အဖွားနှင့်အတူ ဂေဟာသို့ လိုက်လာတတ်ကြသည်
အဲ့ဒီ့တော့ သူ့မှာ ပျင်းချိန်မရှိပါချေ

သူ့ထက် ခြောက်နှစ်နီးပါးခန့်ကြီးသောကြောင့် Namjoon hyungသည် Second genderသိပြီးသားဖြစ်ပေသည်

ဤကဲ့သို့ ထက်မြက်သော ကိုယ်ရည်ကိုယ်သွေးရှိသူသည် သေချာပေါက်ကို Alphaပေပေါ့

တကယ်တော့ အဲ့ဒါက သူတို့တွေစတင်မတွေ့ဆုံမီအချိန်ကတည်းက သိရှိပြီးသားကိစ္စပင်

အဲ့ဒါကြောင့်လဲ Namjoon Hyungအနားသို့ သူ့ကို Arjushiက သိပ်မကပ်ခိုင်းခဲ့ခြင်းပင်

ကနဦးတုန်းကတော့ အကြောင်းအရင်းကို သူစဥ်းစားလို့မရခဲ့ပေမယ့် ယခုတော တဖြည်းဖြည်းနှင့် သူနားလည်၍ လာခဲ့လေပြီ

My Sweet Revenge Where stories live. Discover now