You are so cruel, Kim Namjoon

290 45 32
                                    

My Sweet Revenge

ဒီလိုပုံစံအတိုင်းဆက်သွားနေရင်တော့ ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ဘူ
ငါလိုချင်တာ ဒီလိုဘဝမျိုးမှမဟုတ်ဘဲ
ငါ အပိုင်ရမှဖြစ်မယ်
ငါ့ကလေးကသာ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ရမယ်
ဒီလိုဝေမျှပြီး မနေနိုင်ဘူ
နောင်တစ်ချိန်မှာ အရှုပ်တွေဖြစ်လာရင် ရှင်းရပိုခက်သွားမယ် 
ဘာလို့ အစောကြီးကတည်းက ငါ့အပိုင်ဖြစ်ပြီးသားကို လာလာလုနေရတာလဲ Min Yoongi
နင်က တကယ့်ကို အရှုပ်ထုပ်ပဲသိလာ
နင်ကိုက မွေးဖွားမလာခဲ့သင့်တာ
နင့်ကလေးဆို ပိုဆိုးပေါ့
အခုတောင် Namjoonက မစွန့်ပစ်နိုင်ရင်
ကလေးမွေးပြီးသွားရင် ပိုဆိုးလိမ့်မယ်
ကလေးကိုအကြောင်းပြပြီး အမျှင်ပြတ်တော့မှာကိုမဟုတ်ဘူး
ငါ ဘယ်လိုလုပ်ရမလဲ
ငါ ဘယ်လိုလုပ်ရမလဲ

အတွေးများဖြင့် ယောက်ယက်ခတ်ရင်း သူမ ပူလောင်နေရသည်

သူတို့ မျက်နှာချင်းဆိုင်စုံပြီးဆွေးနွေးခဲ့ကြသော်လည်း အဖြေ အပြိ်းအပြတ်မထွက်နိုင်ဘဲ  ဝေ့လည်လည်ဖြင့်ရှိနေသည်မှာ တစ်ပတ် ခန့်ပင်ကြာမြင့်လာခဲ့ပြီ

ဒီအတောအတွင်း ကိုယ်ဝန်ကိုအကြောင်းပြကာ Namjoonကို အနားတွင်သာနေစေသည်

သို့သော် မည်သည့်အချိန်အထိ သူမဆွဲထားနိုင်ပါမည်နည်း

အချိန်တွေဒီ့ထက်ပိုကြာမလာခင် သွေးတွေလဲ ပိုအေးမသွားခင် သူမ တစ်ခုခုလုပ်မှကိုဖြစ်လိမ့်မည်
မဟုတ်လျှင် သူမ တစ်ဘဝလုံးစိတ်ကူးထားသမျှ ဆုံးရှုံးလိုက်ရလိမ့်မည်

ကျစ် နင်က  တကယ့်ကို အရှုပ်ထုပ်ပဲ Min Yoongi
ငယ်ငယ်ထဲက ငါကြံစည်သမျှကို နင်ပဲ လိုက်ဖျက်စီးနေခဲ့တာ
အခုတော့ နင့်ကို  လွှတ်ထားမပေးနိုင်တော့ဘူ

My Sweet Revenge Where stories live. Discover now