1.1

365 53 12
                                    


သူမသိ။
ဘာလို့ပြေးထွက်လာခဲ့ရမှန်းလည်းသူမသိ။
အမှန်ဆို တကယ်ရှောင်ပုန်းသင့်တာက သူတို့မလား။
ဘာလို့များ သူက ရှောင်ထွက်လာရတာလဲ???

အခုအချိန် တစ်ခြားဘာခံစားချက်မှ မခံစားမိတော့။
နေပူနေတာလား။ လေတိုက်နေတာလား။
လူတွေကို ဝင်တိုက်မိနေမှန်းလည်း သူမသိ။
တောင်းပန်ဖို့ဝေးစွ။

အခုအချိန် သူ့အသိစိတ်ထဲရှိသည်က

ရှက်သည်။
နာကျင်သည်။
ဝမ်းနည်းသည်။
ယူကြုံးမရဖြစ်သည်။
နာကျည်းသည်။
ဘာလို့လဲ?
ဘာလို့များလဲ?
အဲ့ဒီ့မိန်းမပေးနိုင်တာအားလုံး သူလဲပေးနိုင်တယ်လေ။ ပေးလဲပေးခဲ့တာပဲ။

အင်းလေ ပေးတာပဲရှိတာ သူကမှ မလိုချင်ခဲ့တာပဲ။ သူမတောင်းဆိုတဲ့အရာတွေကို ကိုယ့်ဘက်ကသာ ချစ်တဲ့စိတ်ရှေ့တန်းတင်ပြီး စေတနာတွေရေစီးကမ်းပြိုခဲ့မှတော့ ဘယ်သူက နှစ်သက်နိုင်မှာလဲလေ။

တကယ်တော့ ကိုယ်ပေးခဲ့တာတွေအားလုံးက ကိုယ့်အတွက်တော့ အထူးတလည်ဦးဦးဖျားဖျားတွေချည်းပေမယ့် သူ့အတွက်တော့ အသုံးမဝင်တဲ့ အပိုပစ္စည်းတွေပဲဖြစ်ခဲ့တာမလား။
ကိုယ့်အချစ်တွေအပါအဝင်ပေါ့။

ပထမဆုံးအချစ်
ပထမဆုံးအနမ်း
ပထမဆုံး......... အဟတ်
ကျွန်တော့်ရဲ့ပထမဆုံးတွေချည်းပေးခဲ့တာပဲလေ Joonieရယ်။ အကုန်လုံးက ခင်ဗျားအတွက်သာ ဖြစ်တည်ခဲ့တဲ့ ပထမဆုံးတွေချည်းပဲလေ။

ဘာလို့များ....ဘာလို့များ.....ကျွန်တော့်ဘက်ကို နည်းနည်းလေးတောင်ငဲ့မကြည့်ရတာလည်း။
ဒီသုံးနှစ်လုံးက ခင်ဗျားအတွက် ဘာအဓိပ္ပါယ်မှမရှိခဲ့ဘူးလား။
သုံးနှစ်လုံးတောင်မဟုတ်ခဲ့ဘူး
ကျွန်တော်တို့စသိခဲ့ကြတဲ့ ဆယ်စုနှစ်နှစ်ခုစာနီးပါးအချိန်က ခင်ဗျားအတွက် ကျွန်တော်က ဖြစ်တည်မှုသေးသေးလေးတောင် မဟုတ်ခဲ့ဘူးလား......ဟင်!!

ကျွန်တော် မေးချင်လိုက်တာ။

ကျွန်တော်က ခင်ဗျားအတွက် ဘာလဲလို့။
ကျွန်တော်က ခင်ဗျားအတွက် ဘာအဓိပ္ပါယ်မှမရှိခဲ့ဘူးလား။

My Sweet Revenge Where stories live. Discover now