8.8

312 50 45
                                    

My Sweet Revenge

ညနေစာစားရန် Yoongi နှင့် Hoseokတို့နှစ်ဦးသား မီးဖိုခန်းထဲတွင် ပြင်ဆင်နေကြရင်း အိမ်ငှားချင်သည့်အကြောင်းကို သူစကားစမိတော့ Hoseokက ကြိုတွေးထားသည့်အတိုင်းပင် ခါးခါးသီးသီးကို တားမြစ်သည်

"မပြောင်းဘဲ ဒီမှာပဲနေလေကွာ....မဖြစ်မနေ ပြောင်းမှဖြစ်မှာလား?"

"မဖြစ်မနေတော့လည်း မဟုတ်ပါဘူးကွာ"


"အဲ့ဒါဆိုလည်း မပြောင်းပါနဲ့လားကွာ...ငါ စိတ်မချဘူး မင်းတို့နှစ်ယောက်တည်း...နောက်ပြီး...ဟိုအကောင့်အန္တရာယ်ကလဲရှိသေးတယ်...တစ်ခုခုဆို...."


"ငါသိပါတယ်....ဒါပေမယ့်....ဒီမှာနေဖို့ကျပြန်တော့လည်း..မင်း မလွတ်လပ်မှာစိုးလို့..သားကလဲရှိနေတော့ "


"ဘာမှမလွတ်လပ်စရာအကြောင်းမရှိဘူး...ပြီးတော့ Austinကြောင့်ဆိုတာတော့ တွေးမနေနဲ့ ..ငါ အဖော်တောင်ရသေးတယ်...နောက်ပြီး ငါ့အလုပ်အခြေအနေအရလည်း..အိမ်အမြဲကပ်နေရတာမှမဟုတ်တာ....သက်သက်အပိုကုန်အောင်ကွာ...အဲ့ဒီ့အစား ကားဝယ်လိုက် အဲ့ဒါက မင်းအတွက် ပို လိုအပ်မှာ "


"ကားကတော့ ဝယ်ဖို့အစီအစဥ်ရှိပေမယ့် အခုလောလောဆယ် ဝယ်လို့မဖြစ်သေးဘူး ..လမ်းတွေအကြောင်း နည်းနည်းသိသွားပြီဆိုရင်တော့..Jungkookပို့ပေးလိမ့်မယ် "


"အေးပေါ့လေ...ဒိတ်ဒိတ်ကြဲကို ဘဲတော်ထားရတော့လည်း...ဒီလောက်ကတော့ အသေးအမွှားပေါ့"


"အဲ့လိုမပြောပါနဲ့ကွာ...Hoseokရာ...ငါက လိပ်ပြာမလုံဖြစ်နေတာကွ....သူ့အပေါ်မှာ မတရားသလိုခံစားနေရလို့ ။ မင်းသိတဲ့အတိုင်းပဲ သူက တကယ့်ကို သူဌေးဆိုမှသူဌေးလေ..နောက်ပြီး မိဘတိုင်းလိုချင်တဲ့ သားမက်မျိုး...ငါက..ဒီအတိုင်း..ကလေးအဖေတစ်ခုလပ်မလား??ကလေးတောင်မှ တစ်ယောက်မဟုတ်ဘူး နှစ်ယောက်တောင်...တကယ်တော့ ငါတို့က အဆင့်ချင်း အဝေးကြီးမှာပါ "

My Sweet Revenge Where stories live. Discover now