2.2

343 54 16
                                    

My Sweet Revenge

"Hello~~~ Kim Namjoon ငါ Jung Hoseok"

Jung Hoseok????

သူက ဘာလို့ ငါဆီဖုန်းဆက်ရတာလဲ?~~~

"အေး ပြော ငါ Namjoon"

"အခု Yoonieဘယ်မှာလဲ???"

"ဟ ငါက သူဘယ်မှာလည်းဆိုတာ ဘယ်လိုလုပ်သိမှာလဲ??? သိရအောင် သူ့သက်တော်စောင့်လဲမဟုတ်ဘူး"

တစ်ဖက်မှ ကြားလိုက်ရသော Namjoonစကားများကြောင့်  Hoseokလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း

"ငါ အကောင်းမေးနေတာ Yoonieဘယ်မှာလဲ မင်းသိလား??"

"ငါလဲ အကောင်းဖြေနေတာပဲလေ သူဘယ်မှာလည်း ငါမသိဘူးလို့~~နောက်ပြီး သူ့ကို လိုက်ကြည့်နေရအောင်လည်း ငါ့မှာ အချိန်တွေက ပေါသောနေတာမဟုတ်ဘူး  ငါ့အတွက် အချိန်က ငွေပဲဆိုတာ မင်းလဲသိမှာပါ ....ဒါနဲ့ သူဘယ်မှာလည်း သိချင်ရင် သူ့ကိုဖုန်းဆက်ပေါ့ကွ ဘာလို့ ငါ့လာဆက်နေရတာလဲ...ရှုပ်ရှုပ်ယှက်ယှက်"

လေလှိုင်းတစ်ဖက်မှ စိတ်တိုလာဟန်ရှိသော Namjoon၏လေသံကြောင့်

"ဘာရယ် ရှုပ်ရှုပ်ယှက်ယှက်ဟုတ်လား ဟေ့ကောင်!!!Kim Namjoon!!!မင်း!!စကားကိုကြည့်ပြောကွ~~~~ဘာရယ် ရှုပ်ရှုပ်ယှက်ယှက် အခုပြောနေတာ မင်း တရားဝင်လက်ထပ်ယူထားတဲ့ မင်းရဲ့ ကာမပိုင်ယောက်ျားအကြောင်းကွ သိရဲ့လား ခွေးကောင်ရဲ့"

"ဘာာာ ခွေးကောင်ဟုတ်လား Yahhh Jung Hoseok မင်း!!မင်းကများ ရာရာစစ"

My Sweet Revenge Where stories live. Discover now