Chapter 208:ငါမပူဘူး!!!ငါ့အဝတ်တွေကို မချွတ်နိုင်ဘူး!

1.1K 147 3
                                    

နောက်ထပ်ပစ္စည်းတစ်ချို့ကိုလည်း သူမစိစဉ်ခဲ့သည်။Di Fuyiသည် သူမကိုကြည့်ရင်း မေးသည်"မင်းကိုမင်း ပြုတ်မလို့လား ဒါမှမဟုတ် အသားစတူး လုပ်မလို့လား(အရွက်များဖြင့်ပြုတ်ထားသော အသား)?"

Gu Xijiuသည် သူမ၏မကျေနပ်မှုကိုပြရန်မျက်လုံးများကိုပိတ်လိုက်သည် "ဒါတွေနဲ့မှ မျက်နှာပေါ်က ရုတ်ဖျတ်ထားတာ‌တွေကို ဖယ်လို့ရမှာလေ!"

"ကိုယ်မင်းကို ယုံပါတယ်"Di Fuyiပြုံးလိုက်သည်။ဒါပေမယ့် ,မင်းကိုယ်ပေါ်က ဒါတွေကရော ဘာတွေလဲ?"

သူသည် သူမ၏ဝနေသည့်ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ရင်း"အထဲမှာ ချည်ထည်တွေ ဘယ်နှစ်ထပ်တောင် ဝတ်ထားတာလဲ?"

အဖုတွေပေါက်လာမှာမကြောက်ဘူးလား? ဒါတွေချွတ်ဖို့ ကိုယ့်အကူအညိများလိုသေးလား?

Gu Xijiuစိတ်တိုတိုနှင့်ပြောသည်"ပူတယ်လို့မခံစားရပါဘူး။ချွတ်စရာလည်းမလိုပါဘူး!"

သူမကိုသူမ တကယ်ဝတယ်လို့ထင်အောင် ပုံဖျတ်ထားခြင်းသာဖြစ်သည်။ဒါ့ကြောင့် သူမဝမ်းဗိုက်သည် တကယ်ဝနေသလိုခံစားရစေသည်။

အဆိတွေကို ခက်ခက်ခဲခဲဖယ်ရှားဖို့လုပ်နေတုန်းမှာ  သူမသည် အထူးပစ္စည်းများထည့်ထားသောရေချိုးကန်ကိုပါ လိုအပ်နေခဲ့သည်။

ရထားလုံးသည် လုံလုံလောက်လောက်ကြိးမားနေသော်လည်း ရေချိုးကန်ထည့်ရလောက်အောင် အဆင်မပြေပေ။ဒါ့အပြင် Di Fuyiရှေ့မှာ အဝတ်မပါပဲရေချိုးရမည်ကို သူမ မလိုချင်ခဲ့ပေ!👀"

Di Fuyiသည် အလျင်အမြန်ပင် သူ၏လက်အောက်ငယ်သားများကို လိုအပ်သည့်ပစွည်းများကိုပြင်ထားရန်ပြောလိုက်ပြိးGu Xijiuကိုတစ်ချက်ပြန်စစ်ကြည့်ကာ"မင်းတကယ် နေရတာအဆင်ပြေတယ်နော်?"

"ဒါပေါ့ ကျွန်မအေးသလိုတောင်ခံစားနေရ
သေးတယ်၊ကျွန်မမျက်နှာကိုကြည့်လိုက်လေ ချွေးတောင်မထွက်ဘူး"Gu Xijiuပြောသည်။

Di Fuyiသည် အသာအယာထသွားရင်း "ကောင်းပြိလေ မင်းသဘောပဲ!"

Gu Xijiuစိတ်သက်သာရာ ရသွားသည်, သူမ ဘယ်လိုတွေ‌ပေါက်ပေါက်ချာချာစိတ်ကူးမိခဲ့သည်ကို သူသတိထားမိပုံမရပေ။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now