Chapter 241:သူမအပေါ် သူ ကောင်းပြနေပါတယ်လို့ ဘယ်သူကမှ ယုံမည်မဟုတ်ပေ။

1K 82 18
                                    

Gu Xijiuသည် အခွင့်အရေးကို အရယူကာ နောက်သို့ ခုန်ထွက်လိုက်သည်။သူမရဲ့လွဲနေတဲ့အဆစ်ကို ပြင်ချိန်ပင်မရအောင်  တဟုန်တိုးအချိန်ဖြင့် နန်းတော်အပြင်သို့ ဦးတည်ထွက်လာခဲ့သည်။

သူမသည် တကယ်ကို လျင်မြန်လှသည် သို့သော် Long siyeက ပိုမြန်နေခဲ့သည်...လက်ခနဲအလင်းတစ်ခုနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားမည့်သူမကို ရှေ့ကနေ လုံးဝပိတ်ချလိုက်ပိး သူက သူမကိုဖမ်းဆွဲထားလိုက်သည်,"Xijiu,ကိုယ့်ကို ယုံပါ ဒါတွေဟာ မင်းကောင်းဖို့အတွက်လုပ်နေတာပါ,  လာ.......အဆစ်အက်သွားတာကို ကိုယ်လုပ်ပေးမယ်"

သူ့လုပ်ရပ်ဟာ သူမအပေါ်ကြင်နာနေပါတယ်လို့ ဘယ်လိုလူကမှ ယုံမည်မဟုတ်ပေ။Gu Xijiuရဲ့မျက်နှာသွင်ပြင်သည်  ဖြူဖျော့လာခဲ့သည်။သူ့လက်ကလွတ်ရန် သူမနောက်တကြိမ် ကြိုးစားရုန်းကန်လိုက်သည်။

သူမရဲ့ နေရာပြောင်းအစွမ်းဟာလည်း ကံမကောင်းစွာဖြင့် သုံးမရခဲ့ပေ။ဒါ့အပြင် ဒိနေရာကလည်း အလွန်အေးလွန်းလှသည်...သူမလက်နှင့်ခြေထောက်တွေဟာ အစောကLong siyeဆိကထွက်ပြေးခဲ့ကတည်းက ထုံကျင်နေခဲ့သည်။မေးစရာမလိုအောင်ပင် သူမရဲ့လှုပ်ရှားမှုတွေဟာ အဆင်ပြေမချောမွေ့တော့သလို အစောကလိုပင် ကြိုးစားလို့မရနိုင်တော့ပေ။Long siyeက သူမကို နောက်တစ်ကြိမ် ဆုပ်ကိုင်လိုက်သည်,  "Xijiu !"

သူမကို နောက်တစ်ကြိမ် ဖြောင်းဖြစည်းရုံးဖို့ ကြံလိုက်စဉ်ခဏမှာပင် ,အဝင်တံခါးဝဆိကနေ တစ်စုံတစ်ယောက်ရဲ့ လက်ခုပ်တိးသံ
သုံးချက်ကို ကြားလိုက်ရပြိး  ပျင်းရိပျင်းတွဲလေသံတစ်ခုပါ ကပ်ပါလာခဲ့သည် , " ဒိနေရာမှာ ဘာDrama တိုက်ပွဲတွေခင်းနေကျတာလဲ?"

Long siyeသည် အလန့်တကြား အဝင်တံခါးဝဆိသို့ လှမ်းကြည့်လိုက်သည်.....

ထိုအဝင်ဝ ညာဘက်တံခါး‌ပေါက်ရဲ့ ဘေးမှာ  Di Fuyiက ရပ်နေသည်။သူက နက်မှောင်ရှည်လျားလှသည့်ဆံပင်ကို ချထားလျှက်
အနားက ဖြတ်သန်းနေသည့်လေပြင်ညင်းများ‌ကြောင့်တသိမ့်သိမ့်လွင့်လူးနေဟန်ရှိသည့် ခရမ်းပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်....တောက်ပနေသည့်နေရောင်ဟာလည်း  သူ၏သဏ္ဌာန်ကို ရွှေရောင်ဖြင့် ဘောင်ခတ်ထားသည့်အတိုင်းပင်.... သူ့ပုံစံမှာ သက်သောင့်သက်သာရှိလှသည်။

You've reached the end of published parts.

⏰ Last updated: Oct 08, 2022 ⏰

Add this story to your Library to get notified about new parts!

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now