Chapter 209:ငါ့မာန က ဘယ်လောက်တန်မှာမို့လဲ?အသက်က ပိုအရေးကြိးတယ်!!

1.1K 139 4
                                    

သူကသက်ပျင်းချရင်း "အချိန်တွေကုန်ပီး... အခုတော့မင်းအရွယ်ရောက်လာခဲ့ပြိ"။

Gu Xijiuတိတ်ဆိတ်နေခဲ့သည်။

သူမ သူ့ကို ဘယ်လိုခေါ်ရမယ်ဆိုတာ နောက်ဆုံးမှာစဉ်းစားမိသွားလေသည်...
, "အခုချိန်မှာ ကျွန်မသိတာက ရှင်ဟာ ကျွန်မကြိးပြင်းလာတာကိုမြင်တွေ့နေခဲ့ရတာပဲ အဲ့တော့ ကျွန်မရှင့်ကို ဦးလေးDi လို့ခေါ်ရမလား?"

Di Fuyi အံ့ဩသွားပြိး သူမကိုကြည့်ရင်း မေးလိုက်သည်, "ဘယ်လို?"

"အို, အဲ့လိုဆို သိပ်လေးစားတဲ့ပုံ မပေါ်ဘူး..
Gu Xijiuက သူ့ကိုလှောင်ပြောင်ရင်း ,
"အဘိုးDiဆိုရင်ရော?"

Di Fuyi စကားမဆိုနိုင်ခဲ့။

လေးလေးစားစားခေါ်ဝေါ်သုံးနှုန်းသင့်သည်ဆိုသောခေါင်းစဉ်ဖြင့် Gu Xijiuသည် သူ့အား တန်ဖိုးမြင့်မြင့်မားမားပေးခဲ့သည်။
Di Fuyi ကပြုံးပြီးသူ့ပခုံးပေါ်လက်တင်လိုက်ကာ "ဘယ်လောက်ကောင်းလိုက်တဲ့ခေါင်းစဉ်လဲ!"

Gu Xijiu ကသူ့အပြုံးကိုကြည့်ရင်းတစ်ခုခုလွဲနေပြီဟုခံစားလိုက်ရသည်။

အမှန်တော့ သူမ မသိစိတ်က မှန်နေခဲ့သည်!Di Fuyi‌က "ကောင်ကင်စင်မြင့်ဆိကို ဦးတည်မယ်!" မြန်မြန်လုပ်"!

"ဟုတ်ကဲ့ပါ သခင်!"မြင်းလှည်းမောင်းသမားသည် ပြောပြောဆိုဆို အရှိန်တင်လိုက်သည်။

ရုတ်တရက် အရှိန်တင်လိုက်သဖြင့်ရထားလုံးသည် ဟန်ချက်ညိမှုပျက်သွားပြိး လှုပ်ရမ်းသွား‌လေသည်။Gu Xijiuသည်အကြောပိတ်ခံထားရသဖြင့် သူမခန္ဓာကိုယ်ကိုလိုက်လျောညိထွေစွာ မထိန်းချုပ်နိုင်ပဲ ဘောလုံးတစ်လုံးလို အခန်းထဲတွင် ပတ်ချာလိမ့်သွားသည်။

ကံကောင်းစွာဖြင့် ကူရှင်သည်နူးညံ့နေသောကြောင့် သူမတစ်စုံတစ်ရာ အနာတရမဖြစ်ခဲ့ပေ။သို့သော် သူမမျက်လုံးတွေ ဝါးပြိး မူးဝေသလိုခံစားလိုက်ရသည်။

သူမအလွန်အကျွံလှိမ့်မိသွားလို့လား
(ဒါမှမဟုတ်)အခန်းကပဲပိုပူလာသလားဆိုတာကိုသူမ မသိဘူး--သူမချွေးတွေ‌တော့ထွက်နေသည်။

အလွန်ပူလာသောကြောင့် သူမသည်းမခံနိုင်တော့ပေ။

ဒိလိုသာဆို သူမအပူလောင်ခံရမှာကို သိ‌နေသည်။ဒါပေမယ့်သူမရဲ့ ခန္ဓာကိုယ်ပေါ်က အဆီလွှာတွေကိုလည်း မဖယ်ရှားပစ်နိုင်ဘူး။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now