Chapter 214;ကြောင်သူတော်ရဲ့နေရာ,ဗိမာန်ဆရာZuo?!

995 126 6
                                    


Sir??? ကြည့်ရတာ ဒိကောင်မလေးက သူမဘယ်သူဆိုတာသိပုံမရဘူး.....

Gu Xijiuသည် ဖြည်းဖြည်းချင်းခေါင်းခါပြရင်း ယောင်္ကျားတစ်ယောက်လိုလေသံဖြင့် စုံစမ်းမေးကြည့်လိုက်တယ် "ဒါက ဘယ်နေရာလဲ?"

"Sir,ဒါကFucangနန်းတော်ပါ။ပြိးတော့ ဒိနေရာက ရှင့်အတွက် ဗိမာန်သခင်က  အထူးပြင်ဆင်ပေးထားတဲ့ ဧည့်သည်ခန်းပါ" ကောင်မလေးရဲ့အသံသည် ရှင်းလင်းလှသည်.။

Fucangနန်းတော်??!!

"ဟိုဗိမာန်ဆရာကြောင်သူတော်ရဲ့နေရာလား????"

Gu Xijiuသည် စာကြောင်းတစ်ခုကိုပါရေရွတ်လိုက်မိသည်" ငါ့အတွက် အထူးပြင်‌ပေးထားတယ်လား??"

"ဟုတ်ပါတယ် Sir.ဗိမာန်သခင်က သူကိုယ်တိုင် ရှင့်ကို လှည်းပေါ်ကသယ်လာခဲ့တာပါ ပြိးတော့  ရှင့်ကို ဒိနေရာမှာ မထားခင် ရှင်ကြိုက်မယ့် ပုံစံအတိုင်းပြင်ဖို့ အကုန်လုံးကို အမိန့်ပေးထားပါတယ်။ကြည့်လိုက်ပါအုန်း,Sir,သဘောကြရဲ့လား?"

Gu Xijiuရဲ့နူတ်ခမ်းထောင့်သည် အထက်သို့ အနည်းငယ်ကွေးသွားသည်!

သူကြိုက်တဲ့ ပုံစံ???..သူဘယ်တုန်းက ဒိလိုအတွင်းပိုင်းပြင်ဆင်မှုမျိုးကို ကြိုက်ခဲ့မိလို့လဲ???

သူမက ခေါင်းကိုအမှတ်တမဲ့ငုံ့လိုက်မိချိန်မှာ သူမရဲ့ဝတ်ရုံကိုမြင်မိသွားပြိး  နားလည်သွားလေသည်!!

အလှဆင်ထားသည်မှာ သူမ၏ အရောင်တောက်လှသည့်၀တ်ရုံနှင့် ဆင်တူနေသည်...

ဗိမာန်ဆရာZuo ဒိလိုလုပ်ရချင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းကို သူမတကယ်နားမလည်နိုင်ပေ......

ထိုသို့သော သဲလွန်စလေးများနှင့်သာ ရိုးရိုးရှင်းရှင်း မှန်းဆနေလျှင် သူမ၏ ယူဆချက်သည် အမှန်တရားနှင့် သွေဖည်သွားနိုင်သည်။

ဒါ့ကြောင့် Gu Xijiuသည် အဲ့ကိစ္စကို လျစ်လျူရှူ့ထားလိုက်လေသည်......

သူမက ထိုမိန်းကလေးနှင့် စကားအနည်းငယ်ထပ်ပြောလိုက်ပြီးနောက် မိန်းကလေးရဲ့နာမည်ဟာ Mo Yuyanလို့ခေါ်ပြီး......ထိုမိန်းကလေးဟာ သူမကို ခစားဖို့ ဗိမာန်ဆရာZuoက အထူးစေလွှတ်ထားတာဖြစ်ပြီး ဒိFucangနန်းတော်က အစေခံတစ်ယောက်ဖြစ်မှန်းသိလိုက်လေသည်....

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now